ပဟေဋိဆန်ဆန် ဧရာဝတီမြစ်အတွင်းမှ တက်လာသည့် မိန်းကလေးတစ်ဦး

2019-10-17 10:11:27


ပဟေဋိဆန်ဆန် ဧရာဝတီမြစ်အတွင်းမှ တက်လာသည့် မိန်းကလေးတစ်ဦး

ပဟေဋိဆန်ဆန် ဧရာဝတီမြစ်အတွင်းမှ တက်လာသည့် မိန်းကလေးတစ်ဦး


Wednesday, October 16, 2019


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းပန်းခြံ၏ အနောက်ဘက် ဧရာဝတီမြစ်အတွင်းမှ အမျိုးသမီး(၁)ဦးကမ်းပေါ်သို့တက်လာပြီး သဲသောင်ပြင်၌မေ့မျောသွားသည့်ကိစ္စစဉ်းစားစရာဖြစ်နေသည်။


ဖြစ်စဉ်မှာ (၁၅.၁၀.၂၀၁၉)ရက်နေ့ ည(၆)နာရီ(၄၅)မိနစ်အချိန်ခန့် တွင် အမျိုးသမီး(၁)ဦးသည် ကမ်းနားသောင်ပြင်ပေါ်ရှိ ခုန်တွင်ထိုင်နေစဉ် သူ့အားတစ်ဦးတစ်ယောက်က အနောက်ကနေရေထဲသို့တွန်းချခဲ့ကြောင်း နောက်ဆုံးသိရှိခဲ့ရပြီးသူ၏နေအိမ်သည်ရွှေတံခါးရပ်ကွက်က ဖြစ်ကြောင်း ကမ်းပေါ်သို့ရေစိုကြီးနဲ့တက်လာပြီး ကိုပြည်သစ္စာနှင့်ပရဟိတမောင်နှမများအားပြောပြခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ကိုပြည်သစ္စာမှ ရွှေတံခါးရပ်ကွက်ရှိ မနုဿရှင်ကူပရဟိအဖွဲ့မှကိုသန်းဇော်အား ဆက်သွယ်အကြောင်းကြားကာ ရွှေတံခါးရပ်ကွက်ကဟုတ်/မဟုတ် လာရောက်ကြည့်ရှုပေးဖို့ခေါ်နေစဉ် …..အဆိုပါအမျိုးသမီးမှာ မေ့မျောပြီးသဲသောင်ပြင်ပေါ်သို့လဲကျသွားသဖြင့် ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားကာပြည်သူ့ဆေးရုံ ကုတင်(၅၀၀)သို့ပို့၍ ဆေးဝါးကုသရန်စီစဉ်ဆောင်ရွက်ပေးခဲ့ရသည်။


အဆိုပါ အမျိုးသမီးမှာ မူလရွှေတံခါး (၅)လမ်းနေသူဖြစ်ကြောင်းနှင့် ၎င်းထိုင်နေသည်ဟုပြောသောခုံနှင့် မြစ်မှာ ကိုက်(၃၀၀)ခန့်အကွာ ရှိကြောင်းသိရှိရသည်။


ထို့ဖြစ်စဉ်နှင့်ပတ်သက်၍ ပဟေဋိဆန်ဆန် ဧရာဝတီမြစ်အတွင်းသို့ တွန်းချခံရပြီးမှ ပြန်တက်လာသည့် မိန်းကလေးတစ်ဦး၏အကြောင်းသည် ပတ်ဝန်းကျင်တွင် မေးခွန်းပေါင်းများစွာ ထင်မြင်ယူဆချက်များစွားတို့ဖြင့် စဉ်းစားစရာ ဇာတ်လမ်းတပုဒ်ဖြစ်နေကြောင်းသိရှိရပါသည်။


ပြည့်သဲမောင်(ပြည်)


Myanmar_Online_News #ဧရာဝတီမြစ် #ပြည်မြို့