ဓနု ရာသီဖွား Sagittarius (Jupiter) များအတွက် အောက်တိုဘာလဟောစာတမ်း

2019-10-17 11:01:45


ဓနု ရာသီဖွား Sagittarius (Jupiter)  များအတွက် အောက်တိုဘာလဟောစာတမ်း

ဓနု ရာသီဖွား Sagittarius (Jupiter)  များအတွက် အောက်တိုဘာလဟောစာတမ်း


နိုဝင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၁ ရက်နေ့အတွင်း မွေးဖွားသူတွေဟာ ဓနု ရာသီဖွား Sagittarius (Jupiter) များဖြစ်ကြပါတယ်။


ပုံမှန်အားဖြင့် ဓနုရာသီဖွားတွေဟာ သနားလွယ်တယ်၊ ယုံလွယ်တယ်၊ စိတ်ညွတ်လွယ်တတ်ကြပါတယ်။ အချစ်ရေး ကိစ္စတွေမှာ သိပ်ကံမကောင်းတတ်ကြပါဘူး။ မျက်နှာများတတ်တဲ့ သူမျိုးဖြစ်တတ်ပါတယ်။ အချစ်ရေးမှာ လက်ရှိချစ်သူအပြင် နောက်ထပ်ချစ်သူပေါ်လာပြီး နဂိုစိတ်ညွတ်လွယ်တတ်တာကြောင့် ေ၀ဝါးနေတာမျိုးတွေဖြစ်တတ်ပါတယ်။


အောက်တိုဘာလအတွင်းမှာ ဂြိုဟ်နက္ခတ်တွေဟာ ပြောင်းပြန်အနေအထားသို့ ပြန်လည်ရောက်ရှိလာမှဖြစ်လို့ သင်အရင်တုန်းက အစွမ်းဆောင်နိုင်ဘူး ထင်ခဲ့တဲ့ အရာတွေဟာ သေချာပြန်လုပ်မယ်ဆိုရင် ပြန်လည် အဆင်ပြေလာပါလိမ့်မယ်။

ဒီလထဲမှာတော့ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ တိုင်ပင်ဆွေးနွေးခြင်းမပြုတာဟာ သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးမို့ ငွေကြေးကိစ္စတွေကို ဆက်တူလုပ်တာ သူများကို ကိုယ့်အကောင့်တွေ ပေးတာမျိုးတွေ ဒီလထဲမှာ မလုပ်မိအောင် သတိထားရပါမယ်။

ငွေအလိမ်ခံရတာမျိုးတွေ၊ ငွေကြေးနဲ့ ပတ်သက်ပြီး အသုံးချခံရတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သတိထားနေထိုင်ပါ။


ဂျူပီတာဂြိုလ်ဟာ နေနဲ့ ၆၀ ဒီဂရီအနေအထားရောက်ရှိမှာဖြစ်တဲ့ ယခုအောက်တိုဘာလ လပြည့်နေ့ဝန်းကျင်တွေမှာ သင့်ရဲ့ တစ်နေ့တာ ကိစ္စအ၀၀တွေဟာ ပိုပြီး အဆင်ပြေလှပနေပါလိမ့်မယ်။ ဓနု ရာသီဖွားတွေဟာ အစကတည်းက စိတ်ထားကောင်းကြတဲ့အတွက် ဒီလို လပြည့်နေ့ဝန်းကျင် ရက်မျိုးမှာတော့ ပိုမိုပြီး ပေါ်လွင်နေပါလိမ့်မယ်။


နေဟာ စကော်ပီယို နက္ခတ်နဲ့ အောက်တိုဘာလ ၂၃ ရက်နေ့နောက်ပိုင်းမှာ အတူယှဉ်တွဲသွားမှာ ဖြစ်တာကြောင့် ဒီလိုအချိန်မှာ သင်ဟာ ဘယ်အရာကိုမဆို လုပ်ဆောင်ဖို့ အင်အားတွေရှိနေပါမယ်။ ဒါကြောင့်မို့ အဓိက လုပ်ဆောင်ရမယ့် ကိစ္စအ၀၀တို့ကို ဒီလိုရက်ပိုင်းအတွင်းမှာ လုပ်ဆောင်တာဟာ အောင်မြင်ဖို့ အခွင့်အလမ်းပိုများပါတယ်လို့ အကြံပြုချင်ပါတယ်။


MM News Channel Media