မကာရ Capricorn (Saturn) ရာသီဖွားများအတွက် အောက်တိုဘာလဟောစာတမ်း

2019-10-17 11:04:34


မကာရ Capricorn (Saturn) ရာသီဖွားများအတွက် အောက်တိုဘာလဟောစာတမ်း

မကာရ Capricorn (Saturn) ရာသီဖွားများအတွက် အောက်တိုဘာလဟောစာတမ်း


ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၂၀ ရက်နေ့အတွင်း မွေးဖွားသူတွေဟာ မကာရ Capricorn (Saturn) ရာသီဖွားများ ဖြစ်ကြပါတယ်။


မကာရ ရာသီဖွားများဟာ တခြားသူကောင်းစားဖို့အတွက် သင့်ကိုယ်သင် အနစ်နာခံ ပေးဆပ်တတ်ကြတဲ့ သူမျိုးများဖြစ်ကြပါတယ်။


အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ပြီး မားစ်ဂြိုဟ်ဟာ လီဘရာ ရာသီနဲ့ အတူတွဲဖက်သွားမှာဖြစ်တာကြောင့် ဒီလိုရက်ပိုင်းမျိုးမှာ မကာရရာသီဖွားများအတွက် အလွန်ကောင်းမွန်တဲ့ အချိန်တွေဖြစ်နေမှာပါ။

လူတွေနဲ့ သာမန်လေး အလိုက်သင့်နေပြီး စကားကို အေးအေးဆေးဆေး ပြောလိုက်တာနဲ့တင် သင်လိုချင်တာတွေကို ရယူနိုင်မယ့် နေ့ရက်မျိုးတွေဖြစ်တာကြောင့် သူတစ်ပါး မျက်စိနောက်အောင် မလုပ်မိဖို့ကိုပဲ ဂရုစိုက်စေချင်ပါတယ်။


အောက်တိုဘာလ ၇ ရက်နေ့နောက်ပိုင်းမှာ နေနဲ့ စေတန်တို့ရဲ့ ဂြိုဟ်သွားလမ်းကြောင်း အခြေအနေအရ သင့်ဘဝအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သင့်ဘဝအတွက် ပိုမိုမြင့်မားလာဖို့ပဲ ဖြစ်တာကြောင့် အရမ်းကြီး မစိုးရိမ်စေချင်ပါဘူး။

အောက်တိုဘာလ ၁၃ ရက်နေ့နောက်ပိုင်းဟာ မကာရ ရာသီဖွားတို့ လုပ်ဆောင်ဖို့ ကျန်ရှိနေတဲ့ ကိစ္စတွေ၊ လက်စသက်ရန် ကျန်နေတဲ့ အလုပ်တွေကို အပြီးသတ် လုပ်ဆောင်ဖို့ အချိန်အခါကောင်းပါပဲ။ နောက်ထပ် အလုပ်တွေ လုပ်ကိုင်ဖို့ ရှိနေသေးရင်လည်း မပြီးပြတ်သေးတဲ့ အလုပ်တွေကို အရင်လုပ်ဆောင်ဖို့က ပိုသင့်တော်မယ့် နေ့ရက်ပဲဖြစ်ပါတယ်။


အချစ်ရေးမှာတော့ ၂၀ ရက်နေ့ နောက်ပိုင်းအတွင်းက သင်လိုချင်တဲ့ အချစ်ရေး ကိစ္စအ၀၀တို့ကို စိတ်ရှည်ရှည်နဲ့ သေချာပြောမယ်ဆိုရင် အရမ်းကို အဆင်ပြေစေမယ့် နေ့ရက်တွေပဲ ဖြစ်ပါတယ်။ သင်နှစ်သက်နေတဲ့ သူမျိုးကို ချစ်ခွင့်ပန်တာမျိုး၊ လက်ထပ်ဖို့ နှောင့်နှေးနေတဲ့ သူမျိုးတွေအတွက်တော့ ဒီလိုရက်ပိုင်းအတွင်း ပြောဆိုကြတာဟာ ပိုပြီး သင့်တော်ပါတယ်။

စိတ်ဆန္ဒတွေ စောပြီး တဇွတ်ထိုး မလုပ်မိဖို့ကိုပဲ ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။


MM News Channel Media