မိန် Pisces (Jupiter) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း

2019-10-17 11:07:47


မိန် Pisces (Jupiter) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း

မိန် Pisces (Jupiter) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း


ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ် ၂၀ ရက်နေ့အတွင်း မွေးဖွားသူတို့ဟာ မိန် Pisces (Jupiter) ရာသီဖွားများဖြစ်ကြပါတယ်။


မိန်ရာသီဖွားတို့၏ ရှက်ကြောက်လွန်ခြင်း၊ သူတစ်ပါးအပေါ် အားနာခြင်း၊ စကားတွေကို အလောတကြီးပြောတတ်ခြင်းတွေက ဒီအောက်တိုဘာလထဲမှာ အဓိက ပြသနာတွေ ဖြစ်လာပါလိမ့်မယ်။


လုပ်ငန်းကိစ္စနှင့် အခြားမိသားစုရေးတွေမှာ ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းဖို့က အရေးကြီးပါတယ်။ သို့ပေမယ့် စကားကို စဉ်းစဉ်းစားစားနဲ့ ပြောဆိုတတ်ဖို့ကို ဒီလထဲမှာ အထူး ဂရုပြုသင့်ပါတယ်။


ဒီလထဲမှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အစစအရာရာ သတိထားပြီး နေထိုင်သင့်ပါတယ်။ အထူးသဖြင့် နား၊ ခြေထောက်နှင့် နာတာရှည် ဝေဒနာတွေကို ပိုပြီး ဂရုစိုက်နေထိုင်သင့်ပါတယ်။


အချစ်အတွက် အနစ်နာခံပြီး သူလိုသမျှကို ဖြည့်ဆီးပေးနေတာတွေကို ဒီလအတွင်းမှာ လျှော့ထားသင့်ပါတယ်။ သနားလွယ်ခြင်း၊ အယုံလွယ်ခြင်းတို့ကလည်း သင့်ရဲ့ အချစ်ရေးကိစ္စထဲမှာ ယုံကြည်မှု အလွဲသုံးစား လုပ်ခံရတာမျိုး၊ အလိမ်ခံရတာမျိုးတွေ ဒီလထဲမှာ ပိုပြီး ဖြစ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။


အထူးသဖြင့် အလွန်အမင်း စိတ်ကူးယဉ်ဆန်တာတွေ၊ အယုံလွယ်တာတွေကို လျှော့ပြီး သင့်လက်တွဲဖော်ရဲ့ သဘောထားအမှန်ကိုပဲ အဓိကထား လေ့လာ ဆုံးဖြတ်သင့်ပါတယ်။


ငွေကြေးပိုင်းမှာ အလွန်ကောင်းမွန်မယ့် လတစ်လ ဖြစ်တာနဲ့အညီ ဘယ်ကိစ္စကြောင့်မဆို ငွေကြေးသုံးစွဲမှုအပိုင်းမှာ ဒီလထဲ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်ပြီး ငွေကြေးအကုန်အကျများနိုင်တာကြောင့် ဂရုတစိုက်နဲ့ သေချာစဉ်းစားပြီးမှ သုံးစွဲဖို့ အကြံပြုချင်ပါတယ်။

တော်ယုံတန်ယုံ ကိစ္စတွေ၊ ရှုပ်ထွေးနိုင်မယ့် လူမှုရေး ကိစ္စတွေကို အထူးရှောင်ကျဉ်ပါ။ ဒီလထဲမှာတော့ အတတ်နိုင်ဆုံး နေတတ်အောင် နေသင့်ပါတယ်။


ဘယ်လို အခြေအနေမျိုးမဆို တစ်ခုခုကို ပြတ်ပြတ်သားသား ရွေးချယ်ပြီး ရဲဝံ့စွာ လုပ်ကိုင်ခြင်းက သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်လို့ တိုက်တွန်းချင်ပါတယ်။


MM News Channel Media