ကုံ Aquarius (Saturn) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း

2019-10-17 11:09:09


ကုံ Aquarius (Saturn) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း

ကုံ Aquarius (Saturn) ရာသီဖွားအတွက် အောက်တိုဘာလဟောစာတမ်း


ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အတွင်း မွေးဖွားသူတွေဟာ ကုံ Aquarius (Saturn) ရာသီဖွားများဖြစ်ကြပါတယ်။


ပုံမှန်အားဖြင့် ကုံရာသီဖွားတွေဟာ အစွဲအလမ်းကြီးတက်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ဆန္ဒထက် သူတစ်ပါးအတွက် ဦးစားပေးတတ်ကြတဲ့ သူမျိုးတွေလည်း ဖြစ်ကြပါတယ်။


ကုံရာသီဖွားများရဲ့ အစွဲအလမ်းကြီးပြီး အနစ်နာခံတတ်တဲ့ စိတ်တွေကြောင့် ယခု အောက်တိုဘာလထဲမှာ အနိုင်ကျင့်တာတွေ၊ အတိုက်အခံတွေ ရှိလာနိုင်တာကြောင့် ဂရုပြုနေထိုင်သင့်ပါတယ်။


သူတစ်ပါးအပေါ် မေတ္တာထားပြီး ရိုးရိုးသားသားနေတတ်တာဟာ ကုံရာသီဖွားတွေရဲ့ အကျင့်လိုဖြစ်နေပါပြီ ဒါပေမယ့်လည်း ဒီအချက်တွေကိုပဲ တစ်ပါးသူတွေက ချနင်းတာမျိုးတွေ စော်ကားတာမျိုးတွေကို ဒီလထဲမှာ အထူးဂရုပြုရပါမယ်။


အကောင်းဆုံးကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဆွေမျိုး၊ မိသားစုအရေးတွေမှာ သိပ်အရေးမကြီးပဲ ဝင်မပါပဲ ခဏနေလိုက်တာဟာ ယခုလို လမျိုးထဲမှာ အလုပ်သင့်ဆုံးဖြစ်ပါလိမ့်မယ်။


အချစ်ရေးမှာ ကံကောင်းလေ့ မရှိတဲ့ ကုံရာသီဖွားတွေဟာ ဒီလထဲမှာလည်း အရင်ကလို အချစ်ရေး ဒုက္ခအနည်းငယ်နဲ့ ထပ်မံ ကြုံတွေ့ရနိုင်ပါသေးတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမရှိပါဘူး။ ကိုယ့်စိတ်ရင်းအတိုင်း မှန်မှန်လေးပဲ ဆက်နေသွားလိုက်ပါ။ အဓိက က ပြသနာမဖြစ်ပါစေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ပြန်လည်အဆင်ပြေလာပါလိမ့်မယ်။


သင့်ရဲ့ အိမ်ထောင်ဘက် (သို့) ချစ်သူအပေါ်မှာ အနစ်နာခံ အလိုလိုက်တတ်တာတွေဟာ လုပ်တဲ့အခါမျိုးမှာ သင့်ရဲ့ လက်တွဲဖော်က ပြန်ခံပြောတာတွေ၊ နားလည်မှု ကွဲပြားနေတာတွေ ရှိနေတတ်ပါတယ်။ သို့ပေမယ့် သင့်ရဲ့ စိတ်ရှည်မှု အတိုင်းအတာ ပေါ်မှာ အားလုံးမူတည်သွားပါလိမ့်မယ်။ ဒီလအတွင်းမှာတော့ အတတ်နိုင်ဆုံး သည်းခံပေးလိုက်သင့်ပါတယ်။


လုပ်ငန်းခွင့်နှင့် ငွေကြေးပိုင်းမှာ အနည်းငယ် ထိခိုက်နိုင်တာတွေ ရှိနိုင်တာကြောင့် တစ်ချို့သော စွန့်စားရနိုင်တဲ့ လုပ်ငန်း ကိစ္စတွေကို အတတ်နိုင်ဆုံး ရှောင်ရှားလုပ်ကိုင်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။


MM News Channel Media