လင်မယားချင်းခဏခဏစကားများကြပြီးခင်ပွန်းကဇနီးကိုဓားနှင့်ခုတ်သတ်

2019-10-17 12:53:03


လင်မယားချင်းခဏခဏစကားများကြပြီးခင်ပွန်းကဇနီးကိုဓားနှင့်ခုတ်သတ်

လင်မယားချင်းခဏခဏစကားများကြပြီးခင်ပွန်းကဇနီးကိုဓားနှင့်ခုတ်သတ်


၁၄.၁၀.၂၀၁၉ရက်နေ့နံနက်ဝဝနာရီ၃၀မိနစ်အချိန်ခန်ကမကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းတုန်းမြို့နယ်၊အလယ်ချောင်းရဲစခန်းတွင်ရဲအုပ်မောင်ဝင်းစခန်းမုှးတာဝန်ထမ်းဆောင်နေစဉ်


ဦးထွန်းဝေ(၃၉)နှစ်၊ရွာခွဲတာဝန်ခံ၊၊တောင်သူ၊ခွန်တိုင်ကျေးရွာ၊စိုင်ဒိုးကျေးရွာအုပ်စု၊မင်းတုန်းမြို့နယ်နေသူကဖုန်းဆက်သွယ်ပြောဆိုသည်မှာ၁၃.၁၀.၂၀၁၉ရက်နေ့ည၈နာရီ၂၅မိနစ် အချိန်ခန့်တွင်ခုန်တိုင်ကျေးရွာတွင် အောင်ထွန်းမြိုင်(၆၀)နှစ်၊တောင်သူ၊ခွန်တိုင်ကျေးရွာနေသူနှင့်ဒေါ်စာပါ(၅၃)နှစ်၊တောင်သူ၊ခွန်တိုင်ကျေးရွာ၊တစ်အိမ်ထဲအတူနေသူတို့ လင်မယားစကာများရန်ဖြစ်ရာ


အောင်ထွန်းမြိုင်မှ ဒေါ်စာပါအား ဓါးဖြင့်ခုတ်သတ်၍ သေဆုံးကြောင်း ခုန်တိုင်ကျေးရွာ ရွာ ခွဲတာဝန်ခံ ဦးထွန်းဝေမှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသဖြင့်ရဲအုပ်မောင်ဝင်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်တို့သည်ရဲစခန်းအနောက်ဖက်(၇)မိုင်ခန့်ကွာဝေးသောအခင်းဖြစ်စိုင်ဒိုးကျေးရွာရှိအောင်ထွန်းမြိုင်နေအိမ်သို့သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ


ဒေါ်စာပါသည် ဦးထွန်းဝေ၏ နေအိမ်အောက်ထပ်တွင် တီဗွီကြည့်နေ့စဉ် ဒေါ်စာပါ၏ခင်ပွန်းဖြစ်သူအောင်ထွန်းမြိုင်ရောက်ရှိလာပြီး ဘာမှမပြောဘဲဒေါ်စာပါအားဓါးဖြင့်ခုတ်သွားသဖြင့်ဒေါ်စာပါတွင်ဝဲဘက်နားရွက်အောက်(၆)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝဲဘက်နားရွက်အထက်(၁၀)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝဲဘက်ဂုတ်(၈)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊


ဝဲဘက်လက်ကောက်ဝတ်(၅)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ဝဲဘက်လက်ဖျံ(၃)လက္မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာသေဆုံးနေသဖြင့်အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊သေဆုံးသူကိုရဲဆေးစာနှင့်အတူပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာဒေါ်စာပါအားဓါးဖြင့်ခုတ်သတ်သွားသူအောင်ထွန်းမြိုင်အား ဥပဒေအရ အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ


အလယ်ချောင်းရဲစခန်းအမှုကြီးအမှတ်စဉ်(၃/၂၀၁၉)(ပ)၂၄/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာအမှုစစ်ရဲအုပ်မောင်ဝင်း တရားလိုစစ်ဆေးခြင်း၊ သက်သေစစ်၊ဆေးခြင်း သက်သေခံပစ္စည်းသိမ်းခြင်းတို့

ဆောင်ရွက်ကာအမှုကပြစ်မုှကျူးလွန်သူသည်လင်မယားချင်းစကားများရန်ဖြစ်ရာမှဇနီးဖြစ်သူအားဒေါသအလျောက်ဖြင့်ခုတ်သတ်ခြင်းဖြစ်ကာပြစ်မုှကျုးလွန်သူကိုအမြန်ဆုံးဖမ်းဆီးရမိရေး


မင်းတုန်းမြို့နယ်(အလယ်ချောင်း)ရဲစခန်းက ဒုရဲအုပ် ကိုသောင်းဌေး ဦးစီး (၁+၅)ဦး တို့မှကျေးရွာနီးချုပ်စပ်ကပင်ပြစ်မုှကျုးလွန်သူအောင်ထွန်းမြိုင်(၆၀)နှစ်ကိုဖမ်းဆီးရမိကာအခင်းဖြစ်စဉ်အသုံးပြုသောသက်သေခံဓားကိုသိမ်းဆည်းကာအမုှနှင့်စစ်မေးခဲ့ရာအမှုမှသေဆုံးသူနှင့်၎င်းမကြာခဏစကားများရန်ဖြစ်တတ်ပြီး ဒေါသအလျောက်ဓါးဖြင့် ခုတ်သတ်ခြင်းဖြစ်ကြောင်း သိရသည်။


515မဲဇလီ(S.H) မုှခင်းရုှထောင့်