သားသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မိခင်ကို ၁၄နှစ်အရွယ်သားဖြစ်သူက သေနတ်နဲ့ပစ်သတ်

2019-10-17 14:32:37


သားသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မိခင်ကို ၁၄နှစ်အရွယ်သားဖြစ်သူက သေနတ်နဲ့ပစ်သတ်

သားသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မိခင်ကို ၁၄နှစ်အရွယ်သားဖြစ်သူက သေနတ်နဲ့ပစ်သတ်


အသက်(၁၄)နှစ်အရွယ် ကလေးတစ်ယောက်ဟာ မိခင်က သားသမီးတွေအပေါ် ခွဲခြားခွဲခြား ဆက်ဆံအတွက် မကျေမနပ်ဖြစ်ပြီး သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကောင်လေးအမည်မှာ ဂျာကော့ ရီမာလေ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသက်(၁၇)နှစ် ဖြစ်နေပြီလို့ မက်ထရို သတင်းက ဆိုပါတယ်။


သူဟာ (၂၀၁၆)ခုနှစ် နိုဝင်္ဘာလမှာ အသက်(၄၆)နှစ်အရွယ် မိခင် ကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မိခင်က ဦးစားပေးလွန်းတဲ့ ညီဖြစ်သူ ကိုလည်း ပစ်သတ်ခဲ့ပါတယ်။ သူဟာ (၂၀၂၀) ဖေဖော်ဝါရီလ သူ့အသက်(၁၈)နှစ်ပြည့်ချိန်မှ-


တရားဥပဒေအရ အမှုကို ကြားနာစစ်ဆေးရမှာ ဖြစ်ပြီး၊ လောလောဆယ်တော့ သူဟာ စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကလေးသူငယ်မှုခင်းအရာရှိနဲ့ ကနဦးစစ်ချက်တွေ ရယူနေပါတယ်။ သူဟာ အကြိုစစ်ဆေးမှုမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းနေတယ်လို့ လျှောက်လဲချက် ပေးခဲ့သော်လည်း သက်သေ မခိုင်လုံခဲ့ပါဘူး။


ဂျာကော့ ဟာ အမေရိကန်၊ ပန်ဆယ်ဗေနီးယားပြည်နယ်၊ နယူးစတန်တန် မှာ နေထိုင်သူပါ။ သူရဲ့ပြစ်မှုက ထောင်ဒဏ်နှစ်(၃၀)အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။ လူသတ်မှုကဲ့သို့သော ကြီးမားတဲ့အမှုတွေဆိုရင် ကျူးလွန်သူက ကလေးပင်ဖြစ်လင့်ကစား၊ အသက်ပြည့်ချိန်မှ ကြားနာစစ်ဆေးတာမျိး ဖြစ်ပါတယ်။


ဂျာကော့ လူသတ်မှုတွေ ကျူးလွန်ရခြင်းက မိခင်ဖြစ်သူရဲ့ သားသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ဓလေ့ကြောင့်ပါ။ သူဟာ ခရစ်စမတ်လက်ဆောင်အဖြစ် ဖုန်စုပ်စက် လက်ခံရရှိချိန်မှာ မိခင်ဖြစ်သူက ကျန်တဲ့ကလေးတွေကို ဒစ္စနေးလန်း ကို ပျော်ပါးဖို့ ခေါ်သွားပါတယ်။


တစ်ခြားကလေးတွေ မုန့်ဖိုးကိုယ်စီနဲ့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်စားနေချိန်မှာ သူက ရေပဲ သောက်စရာရှိတာပါ။ ဒီစိတ်ဒဏ်ရာတွေက အမှားအမှန်ကို ဖုံးလွှမ်းသွားစေပြီး၊ သားအမိနှစ်ယောက်စလုံး အိပ်ပျော်နေချိန်မှာ ဖခင်ရဲ့သေနတ်ကို ယူပြီး နှစ်ယောက်စလုံးကို နာနာကျည်းကျည်း ပစ်သတ်လိုက်ပါတော့တယ်။


ဂျာကော့ ရဲ့ ရှေ့နေကတော့ ဂျာကော့ ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတာကြောင့်၊ ဒီအကြောင်းကိုလည်း စိတ်ရောဂါဆရာဝန်တွေက အပြည့်အဝ ယုုံကြည်ထားတာကြောင့်၊ နောက်ပြီး ပြစ်မှုကျူးလွန်ချိန်မှာ အသက်ငယ်သေးတာကြောင့် အမှုကနေ ကွင်းလုံးကျွတ်လွတ်မယ်လို့ ယုံကြည်နေပါတယ်။


လင်းဇော်ကို D Nae Khit Media