ပြိုင်ဘက်ရဲ့လက်သီးမိုးတွေကြောင့် နာမည်ကြီး လက်ဝှေ့သမား ၁၀ချီမြောက်မှာ ကြိုးဝိုင်းအတွင်း သေဆုံး

2019-10-17 15:50:03


ပြိုင်ဘက်ရဲ့လက်သီးမိုးတွေကြောင့် နာမည်ကြီး လက်ဝှေ့သမား ၁၀ချီမြောက်မှာ ကြိုးဝိုင်းအတွင်း သေဆုံး

ပြိုင်ဘက်ရဲ့လက်သီးမိုးတွေကြောင့် နာမည်ကြီး လက်ဝှေ့သမား ၁၀ချီမြောက်မှာ ကြိုးဝိုင်းအတွင်း သေဆုံး


(၁၀)ချီမြောက်မှာ ဦးခေါင်းပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရတဲ့ နာမည်ကြီး လက်ဝှေ့သမားလက်ဝှေ့အားကစားဆိုတာ လူလူအချင်းချင်း သတ်ပုတ်ရတာဖြစ်လို့ အကြမ်းတမ်းဆုံး အရက်စက်ဆုံး ထိုးကြိတ်နိုင်ကာမှ ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်မှာပါ။


တစ်ခါတလေ လူသေတာတွေရှိသလို၊ တစ်ခါတရံမှာတော့ ကျိုးတာတွေ၊ ကန်းတာတွေကလည်း ဒီအသိုင်းအဝိုင်းမှာ မြင်ရနေကျပါဘဲ။မူရင်းသတင်း မှာဖော်ပြချက်အရ အမေရိကန်နာမည်ကြီး လက်ဝှေ့သမား ပက်ထရစ်ဒေးဟာ ပြိုင်ဘက်ရဲ့လက်သီးချက်တွေကြောင့် ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရပါတယ်။


ပက်ထရစ်ဟာ ပြီးခဲ့တဲ့စနေနေ့က ချီကာဂိုမြို့မှာကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲမှာ ပြိုင်ဘက် ချားလက်စ်ကွန်းဝဲလ်နဲ့ ထိုးသတ်ခဲ့ရတာပါ။နှစ်ယောက်သား လက်ရည်တူနေလို့ အချီရေပြည့်လုနီးပါး ထိုးသတ်ခဲ့ရပါတယ်။ အသက်(၂၇)နှစ်အရွယ် ပက်ထရစ်ဟာ (၄)ချီနဲ့ (၈)ချီမြောက်တွေမှာ အနားတောင်း အမှတ်စဉ်ရေခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။


(၁၀)ချီမြောက်မှာတော့ သူဟာ ပြင်းထန်လှတဲ့ လက်သီးဒဏ်တွေကြောင့် သတိလစ်ပြီး လဲကျသွားခဲ့ပါတယ်။သူဟာ ပြင်းထန်လှတဲ့ဒဏ်ရာကြောင့် ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးခဲ့ရပါတယ်။ တစ်ချို့ကလည်း ပြိုက်ဘက်ဖြစ်သူ ချားလက်စ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။


ဒါပေမယ့် ချားလက်စ်က သူဟာ ပက်ထရစ်ကိုသာမက ဘယ်သူ့ကိုမဆို သေစေလိုတဲ့ ဆန္ဒမရှိပါကြောင်း၊အားလုံးသော လက်ဝှေ့သမားတွေဟာ ဒီသဘောထား တစ်ခုတည်းနဲ့ ယှဉ်ပြိုင်နေကြတာဖြစ်လို့၊ အခုလို သေဆုံးမှုအတွက် ပက်ထရစ်ရဲ့ မိသားစုနဲ့အတူ၊ ထပ်တူထပ်မျှ စိတ်မကောင်း ဝမ်းနည်း ဖြစ်ရပါတယ်လို့ ပြောခဲ့ပါတယ်။


သူငယ်ချင်းတစ်ဦးရဲ့အဆိုအရ ပက်ထရစ်ဟာ ငွေကြေးချမ်းသာသူ၊ ပညာရေးဘက်ဂရောင်းကောင်းသူ ဖြစ်သော်လည်း၊ လက်ဝှေ့ကို ချစ်မြတ်နိုးပြီး ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း ပရိုဆန်စွာ ရပ်တည်ခဲ့တာဖြစ်ပြီး၊ ဒီလို မတော်တဆမှုမျိုးကတော့ ထိုးကြိတ်ကန်ကျောက်နေရတဲ့ လောကမှာ ရှိတတ်ကြောင်း ပြောခဲ့ပါတယ်။


နေသူရိန် D Nae Khit Media