အနှိပ်ခံ သောကြောင့် သေသောလူနာ

2019-10-17 15:53:27


အနှိပ်ခံ သောကြောင့် သေသောလူနာ

အနှိပ်ခံ သောကြောင့် သေသောလူနာ


မနက် ၁၀နာရီလောက်လူနာ အိမ်ပင့် လာခေါ်သည်။


ဆရာရေမနက်က အနှိပ်သယ် နဲ့ နှိပ်ပီးတော့မှအဖေ သွေးအန်နေလို့အရမ်းမောနေတယ်အိမ်လိုက်ကြည့်ပေးပါဟု လာခေါ်သည်။



အမှန်ပါ ..လူနာ အရမ်းမော၍ သွေးအန်နေသည်။


လူနာက အသက်၅၀အရွယ်ဆေးလိပ်သောက်သည်အထိုင်များသည်မနေ့ကမှ ရှမ်းပြည်က ပြန်လာသည်။


ခရီးသွားထား၍ညောင်းညာသည်ခြေထောက်တွေ အထိုင်များ၍ တင်းနေသည်ဟု ဆိုကာအနှိပ်သယ် ခေါ်နှိပ်သည်။


မကြာမီ ရင်ဘတ်အောင့် အလွန်မော၍ သွေးအန်လာသည်။


ဒီလက္ခဏာ တွေအရဆိုအဆုတ်သွေးကြော သွေးခဲ ပိတ်တာ ဖြစ်ဖို့များသည်။




ထိုသွေးခဲသည်ခြေသလုံးသွေးကြောမတွင်နဂိုထဲက ရှိပီးသားဖြစ်သည်။ (ဆေးလိပ်သောက် အထိုင်များသောကြောင့်သွေးခဲခြင်းဖြစ်သည်)


အနှိပ်သယ်မှ သွေးခဲရှိမှန်းမသိ၍ခြေသလုံးကို နှိပ်ပေးသည်ထိုသွေးခဲ ပြုတ်ထွက်သွားသည် ၊အဆုတ်သွေးကြောမကို သွားပိတ်သည်။


ဆေးရုံသွားဖို့ အချိန်ပင်မမှီလမ်းတွင် အသက်ပါသွားသည်။


အချိန်မှီ စောလျှင်စွာ သိလျင်သွေးကျဲဆေးသွေးခဲပျော်ဆေးတို့နှင့်ကု၍ရနိုင်သည်။


အနှိပ်သယ် ဦးကြီးခင်မျာ…မျက်နှာငယ်လေးနှင့်ဓါးခုတ်ရာ လက်ဝင်လျိုမိသလို ဖြစ်သွားသည်။


ခြေထောက် ပုံမှန်ထက် တင်း၍ ကိုက်နေလျှင်နီးစပ်ရာ ဆေးခန်းပြ၍စမ်းသပ် စစ်ဆေးရန်လိုသည်။


မိတ်တွေ တွေအတွက် ရှယ်ပေးခြင်းဖြင့် ကုသိုလ် ယူကြပါခင်ဗျာ…Ganabia


Credit to လူထုဆရာဝန်