သမီးအရင်းကို နှစ် ၂၀ကျော်မဒိမ်းကျင့်… မြေးကိုပါထပ်ကျင့်

2019-10-17 22:30:15


သမီးအရင်းကို နှစ် ၂၀ကျော်မဒိမ်းကျင့်… မြေးကိုပါထပ်ကျင့်

သမီးအရင်းကို နှစ် ၂၀ကျော်မဒိမ်းကျင့်… မြေးကိုပါထပ်ကျင့်


ကိုယ့်သမီးအရင်းကို အနှစ် ၂၀ ကြာ မုဒိမ်းကျင့်ပြီး ၆ ကြိမ်တိုင်တိုင် ကိုယ်ဝန်ရစေခဲ့တဲ့ ဖခင်


လူတစ်ယောက်ဟာ သူ့သမီးအရင်းကို နှစ် ၂၀ ကြာ မုဒိမ်းကျင့်ပြီး ၆ ကြိမ်တိုင်တိုင် ကိုယ်ဝန်ရစေခဲ့ပါတယ်။

ဒါ့အပြင် သူ့သမီးကနေ မွေးလာတဲ့ ကလေးကိုပါ ထပ်ပြီး မုဒိမ်းကျင့်ပါသေးတယ်။

ဒီလူဟာ သူ့အပြစ်ကိုသူ ဝန်မခံပဲ နေခဲ့ပေမယ့် သက်သေအထောက်အထား ပြည့်စုံစွာဖြင့် တရားစီရင်နိုင်ခဲ့ပါတယ်။


ယခု လက်ရှိအချိန်မှာ ဒီလူဟာ အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်မှာ ပြစ်မှုပေါင်း ၃၆ မှုနဲ့ ဆွဲချက်အတင်ခံရပြီး ထောင်ကျနေပါတယ်။

အဆိုပါ လူဟာ သူ့သမီးအရင်းကို ၁၀ စုနှစ် ၂ ခုအကြာထိ အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြည်သူတွေက ဒီလူကို သေဒဏ်ပေးစေချင်ခဲ့ပေမယ့် ဝေလပြည်နယ် ရဲဌာနချုပ်ကနေတော့ ဒီလူရဲ့ နာမည်ကို ထုတ်ဖော်ပြခြင်း မရှိပါဘူး။


ပြစ်မှုကျူးလွန်သူက ယခုလိုပဲ ဖြေရှင်းချက်ပေးခဲ့ပါသေးတယ် "အခုလို ပြုလုပ်ရတာဟာ ကျွန်တော့်သမီးကို လိင်ကိစ္စ ကျွမ်းကျင်လာအောင်နဲ့ နောက်ပိုင်းမှာ ရည်းစားရလာရင်လည်း အတွေ့အကြုံရှိနေရအောင်" ဖြစ်ပါတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ဒီအကြောင်းပြချက်နဲ့ပဲ သူ့သမီး ၁၄ နှစ်အရွယ်ကစပြီး နှစ်ပေါင်း ၂၀ ကြာတဲ့အထိ အကြိမ်ကြိမ် လိင်ဆက်ဆံခဲ့တာဖြစ်ပါတယ်။

ဒါတင်မကသေးပဲ သူ့ရဲ့ သမီးနောက်တစ်ယောက်ကိုလည်း ယခုလိုပဲ မုဒိမ်းကျင့်ခဲ့ပါသေးတယ်။


ဒီအမှုကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ တရားသူကြီးကတော့ သူ့ရဲ့ နှစ် ၄၀ ကျော်ကြာ တရားသူကြီး သက်တမ်းတစ်လျှောက်မှာ အဆိုးရွားဆုံး အမှုပါလို့ ပြောကြားခဲ့ပါတယ်။

ဒီတရားခံကိုလည်း အရမ်းရှည်ကြာမယ့် ပြစ်ဒဏ်မျိုးနဲ့လည်း အပြစ်ပေးမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

တိုင်ကြားသူတွေပြောကြားတာကတော့ ဒီတရားခံဟာ စုန်းကေ၀ အတက်တွေအသုံးပြုပြီး ယခုလို ပြစ်မှုကျူးလွန်ခဲ့တာလို့ ပြောကြပါတယ်။

ဒါပေမယ့် ဒီတရားခံပြန်လည် ပြောပြခဲ့တာကတော့ သူ့သမီးဟာ သူ့ကို ခြိမ်းခြောက်ပြီး ယခုလို လိင်ဆက်ဆံဖို့ ပြောတာကြောင့် သူဒီလို မုဒိမ်းမှုကို ကျူးလွန်ခဲ့ရတာပါလို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။