၂လသာပေါင်းသင်းရသေးသောဇနီးအား အရှင်လတ်တ်မီးရှို့သတ်

2019-10-17 22:36:31


၂လသာပေါင်းသင်းရသေးသောဇနီးအား အရှင်လတ်တ်မီးရှို့သတ်

၂လသာပေါင်းသင်းရသေးသောဇနီးအား အရှင်လတ်တ်မီးရှို့သတ်


မစ်စတာ စီနာဟာရီယန်လို့ခေါ်တဲ့ အင်ဒိုနီးရှား ယောကျာ်းတစ်ယောက်ဟာ အိမ်ထောင်သက် ၂ လအကြာမှာ သူ့မိန်းမကို မီးရှို့သတ်ခဲ့ပါတယ်။

တရားခံရဲ့ အိမ်နီးနားချင်းဖြစ်သူ ယောကျာ်းတစ်ယောက်ရဲ့ ပြောကြားချက်အရ သူတို့လင်မယားဟာ ခဏခဏရန်ဖြစ် စကားများကြပြီး ဇနီးလုပ်သူက သူ့အမေအိမ်မှာ သွားနေခဲ့တာဖြစ်ပါတယ်။

ဒီအမှုဖြစ်ပွားတဲ့ ရက်မှာပဲ အိမ်ကို ခဏပြန်လာတာဖြစ်ပြီး ယခုလို မျိုးကြုံတွေ့ရတာပါလို့လည်း ပြန်လည်ပြောပြခဲ့ပါတယ်။


အိမ်နီးနားချင်းဖြစ်သူ အမျိုးသားက အမှုဖြစ်ပွားတဲ့နေ့မှာ တရားခံရဲ့ ဇနီးဟာ အိမ်ကို ခဏပြန်လာပြီး သိပ်မကြာခင်မှာ ရန်ဖြစ်စကားများသံကြားရပြီး ခဏအကြာမှာ သူမရဲ့ အော်သံ "ကယ်ကြပါအုန်း ဒီမှာ မီးရှို့ပြီး သတ်နေပါပြီလို့" ကြားရပြီး အိမ်ထဲသို့ ဝင်ကူပေးခဲ့တာဖြစ်ပါတယ်။

အိမ်နီးနားချင်းအမျိုးသားက သူမရဲ့ ကိုယ်ပေါ်က မီးတွေကို အမြန်ငြိမ်းသတ်ပေးပြီးတာနဲ့ ဆေးရုံကို ပို့ပေးခဲ့တာကြောင့် အမျိုးသမီးမှာ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

ယခုအချိန်မှာတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပေမယ့် ခြေလက်အင်္ဂါတွေနဲ့ ခန္ဓာကိုယ်တွေမှာတော့ မီးလောင်ဒဏ်ရာအများအပြားခံစားနေရပါသေးတယ်။


အဆိုပါ တရားခံဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ရဲတပ်ဖွဲ့တွေကလည်း ဝရမ်းထုတ်ထားပါတယ်လို့ သိရပါတယ်။

အမှုဖြစ်ပွားခဲ့တဲ့ မြို့နယ်ရဲမှူးကြီးကတော့ ယခုလိုပဲ ပြောကြားခဲ့ပါတယ် "ဒီအမှုမှာ တရားခံဖြစ်သူ အမျိုးသားက ဘာကြောင့် သူ့ဇနီးကို မီးရှို့ရသလဲဆိုတာကို ဆက်လက်ဖော်ထုတ်သွားပါမယ်" လို့ ပြောပြခဲ့ပါတယ်။


MM News Channel Media