မီးတွင်းထဲဆုံးသွားသောကလေးငယ်ကို မြှုပ်ရန် မြေတူးရာမှ ၄ရက်သားအရွယ် ကလေးအရှင်ကိုတွေ့ရှိ

2019-10-17 23:23:57


မီးတွင်းထဲဆုံးသွားသောကလေးငယ်ကို မြှုပ်ရန် မြေတူးရာမှ ၄ရက်သားအရွယ် ကလေးအရှင်ကိုတွေ့ရှိ

မီးတွင်းထဲဆုံးသွားသောကလေးငယ်ကို မြှုပ်ရန် မြေတူးရာမှ ၄ရက်သားအရွယ် ကလေးအရှင်ကိုတွေ့ရှိ


မီးတွင်းထဲမှာ သေဆုံးသွားတဲ့ ကလေးငယ်အား မြေမြုပ်ရန် တူးရာမှ အရှင်လတ်လတ် မြေမြုပ်ခံထားရတဲ့ ၄ ရက်အရွယ် ကလေးငယ်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။


တနင်္လာနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အင်ဒီယားနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အသေလေးမွေးဖွားလာတဲ့ သူ့သမီးငယ်လေးကို မြေမြုပ်ဖို့ တူးရာမှ သူ့ပေါက်တူးဟာ တစ်စုံတစ်ရာကို ထိမိတာကို သတိထားမိလိုက်ပါတယ်။ ဒီအရာက မြေအိုးလေး တစ်လုံးဖြစ်နေပြီး အထဲကနေ အသံလေးတစ်သံ ထွက်လာခဲ့ပါတယ်။ မြေအိုးလေးကို တူးဖော်ပြီး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အထဲမှာ ၄ ရက်သာရှိသေးတဲ့ ကလေးငယ်လေးကို တွေ့ရှိခဲ့ပါတယ်။


ထိုသူပြောပြချက်အရ မြေအိုးထဲက အသံထွက်တုန်းက သူ့သမီးလေး အသက်ပြန်ဝင်လာတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ဒီအသံဟာ မြေအိုးထဲက လာခဲ့တာကို သတိထားမိလိုက်ပြီး အထဲက ကလေးငယ်လေးကို နီးစပ်ရာ ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ စီအမ်အမ်ရဲ့ ပြောပြချက်အရ ဒီကလေးငယ်လေးဟာ ၄ ရက်သားသာ ရှိပြီး မြေမြုပ်ခံထားရတာ ၄ နာရီမှ ၆ နာရီအတွင်းမှာ ရှိနေပါပြီလို့ ပြောပြခဲ့ပါတယ်။ ကလေးငယ်လေးဟာ ၂ ပေါင်ခွဲသာရှိသေးပြီး ယခုလို အသက်ရှင်နိုင်တာဟာ မွေးကင်းစကလေးတွေရဲ့ သဘာဝအရ အောက်ဆီဂျင်အနည်းငယ်သာ လိုတာကြောင့်လို့ ဆေးရုံဆရာဝန်တွေထံမှ သိခဲ့ရပါတယ်။ ဆရာဝန်တွေကတော့ ကလေးငယ်လေးရဲ့ အသက်ရှုလမ်းကြောင်းမှာ ပြသနာမျိုးစုံတွေ့ရှိထားပြီး အစွမ်းကုန်ကုသပေးနေကြပါတယ်။


ရဲအရာရှိကြီးတွေကတော့ ဒီအမှုအတွက် မိဘတွေနဲ့ပါ ပတ်သက်မှု ရှိနေတယ်လို့ ယူဆပြီး လိုက်လံစုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြတယ်လို့ သိရပါတယ်။


MM News Channel Media