အိမ်ထဲမဝင်ပဲ ဒေါ်လာထောင်ချီခိုးသွားတဲ့သူခိုး

2019-10-17 23:28:25


အိမ်ထဲမဝင်ပဲ ဒေါ်လာထောင်ချီခိုးသွားတဲ့သူခိုး

အိမ်ထဲမဝင်ပဲ ဒေါ်လာထောင်ချီခိုးသွားတဲ့သူခိုး


မလေးရှားနိုင်ငံက ဂျိုဟာလို့ခေါ်တဲ့ သူခိုးတစ်ယောက်ဟာ အိမ်တစ်အိမ်လုံးကို ဖောက်ထွင်းဝင်ရောက်မှုမရှိပဲ မလေးရှားနိုင်ငံငွေ ၃၀၀၀ ကျော်ကို ခိုးယူသွားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ အိမ်တိုင်းနီးပါး ခိုးခံနေရတာဟာ အစမ်းမဟုတ်ပေမယ့် ယခုလို အိမ်ထဲတောင် ဝင်ရောက်ချင်းမရှိပဲ ခိုးယူနိုင်ခဲ့တယ်ဆိုတာကတော့ ထူးစမ်းနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအမှုဟာ မလေးရှားနိုင်ငံ နေ့စဉ်ထုတ်သတင်းစာမှာတောင် အထူးတလည် ဖော်ပြရလောက်တဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။


မလေးရှားနိုင်ငံ ဆင်းချူနေ့စဉ်ထုတ်သတင်းစာမှာတော့ ဒီသူခိုးဟာ မလေးရှားငွေ ၃၀၀၀ ကျော်ကို မယုံနိုင်လောက်တဲ့ နည်းလမ်းမျိုးနဲ့ ခိုးယူခဲ့ကြောင်းကို ဖော်ပြခဲ့ပါတယ်။


ဒီအမှုဟာ မနက် ၅ နာရီ အိမ်ရှင်လင်မယား အိပ်ပျော်နေတုန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ရှင်လင်မယားဟာ အမှုမဖြစ်ပွားခင်ညက ညစာစားပွဲ တစ်ခုကနေ ပြန်လာခဲ့ပြီး အိမ်ရှင်မိန်းမဟာ ပိုက်ဆံအိတ်ကို ပြူတင်းပေါက်နားမှာ တင်ထားခဲ့မိတာပဲ ဖြစ်ပါတယ်။


သူခိုးဟာ ၁၂ ပေကျော် ရှည်တဲ့ သစ်သားချောင်းနဲ့ ချိတ်တစ်ခုကို အသုံးပြုပြီး ပြူတင်းပေါက် သံတိုင်ကြားမှ ခိုးယူသွားခဲ့တာပဲ ဖြစ်ပါတယ်။


MM News Channel Media