အမေရိကန်က ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမှုဖြင့် ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန်တွင် ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်မည်

2019-10-18 00:03:41


အမေရိကန်က ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမှုဖြင့် ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန်တွင် ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်မည်

အမေရိကန်က ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမှုဖြင့် ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန်တွင် ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်မည်


အမေရိကန်ဒေါ်လာ ၉၈သန်းရင်းနှီးမြှပ်နှံမည်ဟု အစိုးရနှင့်ကုမ္ပဏီအကြား ဆွေးနွေးမှုများအရသိရ


အစိုးရပိုင်မြေဧက ၆၀ပေါ် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၈သန်းရင်းနှီးမြှပ်နှံမည်ဟု အစိုးရနှင့်ကုမ္ပဏီအကြား ဆွေးနွေးမှုများအရသိရပါတယ်။


ရန်ကုန် ရွှေလင်ပန်းစက်မှုဇုန်တွင် အမေရိကန်က ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခု တည်ဆောက်ရန် စတင်စီစဉ်နေပြီဖြစ်သည်။


HUBS MK CO.,Ltd အမည်ရှိ အမေရိကန်ကုမ္ပဏီ ကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က ကော်မရှင်အစည်းအဝေး(၁၆/၂၀၁၉) ဆုံးဖြတ်ချက်ဖြင့် ရင်းနှီးမြှပ်နှံ လုပ်ပိုင်ခွင့် လက်မှတ်ထုတ် ပေးလိုက်ပြီးနောက် ကုမ္ပဏီဘက်က လုပ်ငန်းများလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။


အဆိုပါ ကုမ္ပဏီသည် မြန်မာတွင် ရင်းနှီးမြှပ်နှံမှု လာရောက်လုပ်ကိုင်ရန်အတွက် ၂၀၁၈ ခုနှစ်. ဇန်နဝါရီလက အစိုးရနှင့် နားလည်မှုစာချွန်လွှာ လာရောက်လက်မှတ် ခဲ့ပြီး ထိုစဉ်က အမေရိကန်ဒေါ်လာ၉၈သန်း ရင်းနှီးမြှပ်နှံမည်ဟု ထုတ်ဖော်ပြောဆိုထားခဲ့သည်။


ရင်းနှီးမြှပ်နှံမှု ကော်မရှင်က HUBS MK CO.,Ltd သည် ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံမှုဖြင့် ရွှေလင်ပန်းစက်မှုဇုန် မြေကွက်အမှတ် ၂၊မြေတိုင်းအမှတ်-၁၅ ထောက်ပံ့ပို့ဆောင်ရေးစခန်းတစ်ခုတည်ဆောက်မည်ဟု ကြေညာထားသည်။


ရေ့ွှလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်းက “အရင်က တောင်ကိုရီးယား ကုမ္ပဏီလို့ သိထားပါတယ်။ယခင် ကုန်သွယ်ရေး ယခု စီးပွားကူးသန်းပိုင် မြေဧက ၆၀ပေါ်မှာ ထောက်ပံ့ပို့ဆောင်ရေး လုပ်ဖို့ အတွက်သူတို့တွေ ဆွေးနွေးနေကြတာ ကြာနေပါပြီ။အခု ခွင့်ပြုမိန့်ရသွားတာက အမေရိကန်လို့ ပြောနေကြပါတယ်။တောင်ကိုရီးယားကနေ အမေရိကန် ဘယ်လိုပြောင်းသွားလဲတော့ သေသေချာချာမသိပါဘူး“ဟု ပြောသည်။


HUBS MK CO.,Ltdနှင့် အစိုးရအကြား ပြီးခဲ့သည့် နှစ်က စာချုပ်ချုပ်စဉ် တောင်ကိုရီးယားကုမ္ပဏီဟု အမည်တပ် ကာ သတင်းထုတ်ပြန်ခဲ့သည်။


ယခု နောက်ဆုံးကြားသိရသည့် သတင်းများအရ နောက်ပိုင်းတွင် ရှယ်ယာအပြောင်းအလဲအရ အမေရိကန်ပိုင်ကုမ္ပဏီ ဖြစ်သွားခဲ့သည်ဟု သိရသည်။


ကိုမင်း