ချစ်ပါတယ်ဆိုတဲ့ ခံစားချက်နဲ့…… အရည်အချင်းမရှိတဲ့ယောကျ်ားကို လက်မတွဲသင့်ပါဘူး

2019-10-30 22:31:02


ချစ်ပါတယ်ဆိုတဲ့ ခံစားချက်နဲ့…… အရည်အချင်းမရှိတဲ့ယောကျ်ားကို လက်မတွဲသင့်ပါဘူး

ချစ်ပါတယ်ဆိုတဲ့ ခံစားချက်နဲ့…… အရည်အချင်းမရှိတဲ့ယောကျ်ားကို လက်မတွဲသင့်ပါဘူး


မိန်းခလေးတစ်ယောက် သိထားသင့်တဲ့မာန …


ချစ်ပါတယ်ဆိုတဲ့ခံစားချက်နဲ့……အရည်အချင်းမရှိတဲ့ယောကျ်ားကိုလက်မတွဲသင့်ပါဘူး။


အဆင်မပြေလို့ပါဆိုတဲ့ခေါင်းစဉ်နဲ့……အဘိုးအရွယ် အဖေအရွယ်တွေကို ကိုကိုမခေါ်ချင်ပါနဲ့။


ဘယ်လောက်ချစ်ချစ်……အိမ်ထောင်တစ်ခုသာယာအောင် မဖန်တီးပေးနိုင်တဲ့…… ယောကျ်ားတစ်ယောက်ကိုလည်း မမက်မောပါနဲ့။


ချမ်းသာချင်တဲ့စိတ်ကြောင့်……ငွေတွေနဲ့ကိုယ့်ဘဝကို မရောင်းလိုက်ပါနဲ့။


ကိုယ့်ဒူးကိုယ်ချွန်ထက်မြက်တဲ့မိန်းမဖြစ်အောင်…… ကြိုးစားသင့်တာ မိန်းမသားတွေရဲ့မာနပါ။


မိန်းမသားတစ်ယောက်လောက်မှာ အရည်အချင်းမရှိတဲ့……ယောကျ်ားကို မမက်မောတာဟာ……ငွေမက်လို့ ဂုဏ်မက်လို့ မဟုတ်ပါဘူး။မိန်းမသားတစ်ယောက်ရဲ့အရည်အချင်းတွေ ကျဆင်းစေလို့ပါ။


အရည်အချင်းမရှိသူကို လက်တွဲပြီး ဘဝဖြတ်သန်းမဲ့အစား…တက်စွမ်းသမျှခွန်အားနဲ့ တစ်ကိုယ်တည်းနေကြည့် လိုက်ပါ။


အတိတ်ကံက မျက်နှာသာမပေး… ဝဋ်ကြွေးဆိုရင်တော့ ကျေအောင်ဆပ်ပြီး……ကျေသင့်ပြီထင်ရင် ရုန်းထွက်သင့်ပါတယ်။


အရည်အချင်းရှိတဲ့ယောကျ်ားကို……စာနာတက်တဲ့ယောကျ်ားကို……စဉ်းစား ရွေးချယ်သင့်တာ မဟုတ်ပါလား။


မိန်းမသားတစ်ယောက်ဟာ……အရည်အချင်းရှိအောင် ကြိုးစားခဲ့ရတာမို့……အရည်အချင်းရှိတဲ့ယောကျ်ားကိုမက်မောတာ အပြစ်မဟုတ်ဘူးလို့မြင်ပါတယ်။


Credit-thiha