ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုး ရဲ့ ဖခင် ကွယ်လွန်

2019-10-30 22:31:50


ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုး ရဲ့ ဖခင် ကွယ်လွန်

ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုး ရဲ့ ဖခင် ကွယ်လွန်


ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုးဟာ ဆိုရင် ပရိသတ်တွေ ကို သူ့ရဲ့ပြောင်မြောက်တဲ့ အနုပညာပြကွက်တွေ နဲ့ ချပြတတ်တဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တစ်ဦး ပါ။ ဇင်မျိုးက အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ဇင်မျိုး ရဲ့ ဖခင်ကွယ်လွန်သွားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


သရုပ်ဆောင် ဇင်မျိုး က သူ့ရဲ့ ဖခင်ကြီးကွယ်လွန်သွားပြီဖြစ်ကြောင်းကို ၂၉ ရက်နေ့မှာ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်ကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာရှင် တစ်ချို့ ကလည်း ဇင်မျိုးဖခင် ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ပြောထားတာတွေ့ရပါတယ်။


ဇင်မျိုးက “ဖေဖေဦးခင်ထွေး(74)နှစ် ယနေ့(1:37pm) အချိန်တွင်ကွယ်လွန်သွားပါသည်။ကြာသာပတေး (31)ရက်နေ့ နေ့လည်12နာရီ ရေဝေး မှာမီးသင်းဂြိုလ်မည်ဖြစ်ပါသည်.။လိုက်ပါပို့ဆောင်မည့်သူများအမှတ် 33 . 147လမ်း သီတာလမ်းကားမှတ်တိုင် ဘေးလမ်း အရိုးကုန်းရပ်ကွက် တာမွေမြို့နယ်နေအိမ်မှ ကားများ10:00အချိန် စတင်ထွက်ခွာပါမည်ခင်ဗျား။” ဆိုပြီးပြောထားပါတယ်။


ပရိသတ်ကြီးကလည်း ဇင်မျိုး ရဲ့ ဖခင် ကောင်းရာဘုံဘဝရောက်ရှိဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။


သရုပ်ဆောင် ဇင်မျိုး ရဲ့ ဖခင် ကွယ်လွန်သွားတဲ့ သတင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Moekalay

Source;zin myo