နောက်တခါ အအေးဗူးတွေ ဘီယာဗူး တွေဖောက်တော့မယ်ဆိုရင် ဒီအချက်ကိုမဖြစ်မနေသတိထားပါ။

2019-10-30 22:33:34


နောက်တခါ အအေးဗူးတွေ ဘီယာဗူး တွေဖောက်တော့မယ်ဆိုရင် ဒီအချက်ကိုမဖြစ်မနေသတိထားပါ။

နောက်တခါ အအေးဗူးတွေ ဘီယာဗူး တွေဖောက်တော့မယ်ဆိုရင် ဒီအချက်ကိုမဖြစ်မနေသတိထားပါ။


အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းသင့်အနေနဲ့မဖြစ်မနေသိထားသင့်ပါတယ်တခါတလေ အင်တာနက်သုံးနေရင်းနဲ့ရူးကြောင်ကြောင်သတင်း တွေ့ဖူးကြမှာပါ။


ဘယ်လိုမျိုးတွေလည်းဆိုတော့ မိသားစု အကုန်လုံး soda ဘူးဖောက်သောက်ရင်းအဆိပ်သင့်သလိုဖြစ်ပြီးသေသွားတယ်ဆိုတဲ့ သတင်းလိုမျိုးပေါ့။


ဒါပေမယ့် အခုပြောပြချင်တာက တကယ်သေနိုင်လား?မသေနိုင်ဘူးလား?မသေဘူးဆိုရင်ကောဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လည်း? ဘယ်လိုရှောင်ကျဉ်သင့်သလည်း?ဆိုတာမျိုးတွေဖြစ်ပါတယ်။


တစ်ခုလောက်မေးကြည့်ချင်ပါတယ်။ရိုးရိုးသားသားဖြေကြတာပေါ့။အိမ်ကနေအဝေးရောက်နေတဲ့အခါမျိုးတွေမှာ သံဘူးနဲ့လုပ်ထားတဲ့ အအေးတွေ၊ဆိုဒါတွေ၊ဘီယာဘူးတွေကိုသောက်တဲ့အခါမှာ


ဒီအတိုင်းဖောက်ပြီးတော့ သံဘူးနဲ့ဘဲသောက်ဖြစ်ကြပါသလား?မဖောက်သောက်ခင်တုန်းက မသန့်ရှင်းမှာစိုးလို့ဆိုပြီး မျက်နှာပြင် တဝိုက်ကို Tissue နဲ့သုတ်မိကြပါသလား


?အဲ့လောက်နဲ့သန့်ရှင်းသွားပြီလို့ထင်လိုက်ပါသလား? ကဲ အဲ့ဒါတွေအကုန်လုံးအတွက် အဖြေတွေကိုအောက်မှာ

ဖော်ပြပေးထားပါတယ်။


သံဘူး တွေအကုန်လုံးကို စက်ရုံ ကနေထုတ်လိုက်ပြီဆိုကတည်းက ပလတ်စတစ်တွေနဲ့ထုတ်ပိုးထားခဲ့ပါတယ်။ဘာလို့လည်းဆိုတော့ အခြား ဖုန်တွေ အညစ်အကြေးတွေမတက်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။


အဲ့ဒီအနေအထားအတိုင်းဘဲ စူပါမားကတ်တွေကိုပို့ဆောင်ပါတယ်။သံဘူးတွေဟာ စူပါမားကတ်တွေရဲ့ အရောင်းစင်တွေမှာရက်ပေါင်းများစွာ ရှိနေတာကြောင့် အချို့သောဖုန်တွေတက်နေနိုင်ပါတယ်။


ဒါကြောင့် မသောက်ခင်မှာသန့်ရှင်းရေးလုပ်ပေးတာအကောင်းဆုံးပါဘဲ။ ဒါပေမယ့် အမှန်တကယ်ကတော့ သံဘူးတွေအရမ်းညစ်ပတ်နေလို့ဆိုပြီး ဆပ်ပြာမှုန့်တွေသုံးပြီးတိုက်ချွတ်ဆေးကြောတာကတော့


လုံးဝမလိုအပ်တဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ဘာဘဲဖြစ်ဖြစ်ပါ၊ နောက်တစ်ခါ သံဘူးတွေကိုဖွင့်သောက်တော့မယ်ဆိုရင်အခုပြောမယ့်အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။


သံဘူးကိုသန့်ရှင်းပေးပါ။ ဘာလို့လည်းဆိုတော့ စတိုးဆိုင်မှာဘယ်လိုပုံစံမျိုးနဲ့ဘယ်အချိန်ထဲကသိမ်းထားတယ်ဆိုတာကို သင်မသိနိုင်လို့ပါဘဲ။


Tissue သုံးမယ်ဆိုရင်လည်း တစ်ခုသိထားရမှာက Tissue က ဖုန်တွေကိုဘဲဖယ်ရှားပေးနိုင်တာပါ။ပိုးတော့မသတ်ပေးနိုင်ပါဘူး။


သံဘူးက ကောင်းကောင်းမွန်မွန်အနေအထားနဲ့ရှိနေသလားဆိုတာကိုသေချာစစ်ဆေးပါ။ သံချေးတက်နေလား?ပျက်စီးနေလား?ပိန်ရှုံ့နေသလား?


သံဘူးဟာဖောင်းကြွနေတယ်ဆိုရင်တော့ မသင့်တင့်တဲ့ ပိုးသတ်နည်းကိုအသုံးပြုထားတာကြော


င့်ညစ်နွမ်းနေမှာဖြစ်ပါတယ်။ အကယ်၍များ သံဘူးရဲ့ဘေးမှာ အပေါက်သေးသေးလေးတွေရှိနေတာကြောင့်ဆိုရင်လည်း

အဲ့ဒီလိုဖြစ်နိုင်ပါတယ်။


ပျက်စီးနေတယ်ဆိုရင်တော့ အတွင်းပိုင်းကအရာတွေဟာအရည်တွေနဲ့သတ္ထုတွေကိုပေါင်းစပ်သွားစေနိုင်


တာကြောင့် အန္တရာယ်ရှိပါတယ်။ သတ္ထုကသာ သံချေးတက်နေမယ်ဆိုရင် အဲ့ဒီသံချေးဟာအရည်တွေနဲ့ရောသွားပြီး မသောက်သုံးသင့်တော့ပါဘူး။


နောက်ဆုံးပြောပြချင်တာကတော့ အကြံဉာဏ်ရိုးရိုးလေးတစ်ခုပေးချင်ပါတယ်။ သင်ကိုယ်တိုင်လည်း အင်တာနက်မှာရှာဖွေတွေ့ရှိသမျှကိုအလုံးစုံယုံစရာမလိုပါဘူး။ အခုအကြောင်းအရာလည်းအပါအဝင်ပေါ့။


ဒါပေမယ့် တစ်ခုတော့စဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်ကကို အဲ့ဒီသံဘူးတွေဟာစတိုးဆိုင်တွေ၊စတိုခန်းတွေထဲမှာဘယ်လိုသိမ်းဆည်းခံထားရသလည်းဆိုတာကိုမသိနိုင်တဲ့အတွက်ကြောင့်မို့လို


့အသုံးမပြုခင်မှာ သန့်ရှင်းရေးပြုလုပ်ပြီးမှသောက်သုံးတာအကောင်းဆုံးပါဘဲ။ နောက်တစ်နည်းအနေနဲ့ဆိုရင်တော့ တခြားပုလင်းထဲ(သို့)ခွက်တခုခုထဲကိုတဆင့်ပြောင်းလဲပြီးမှ သောက်သုံးတာလည်းအကောင်းဆုံးဘဲဖြစ်ပါတော့တယ်။


Credit : မူရင်းရေးသားသူ