နင့်ကိုငါယူမယ် ပြောပြီး ၃ ကြိမ်တိုင်တိုင် – – တဲ့ အိမ်နားနီးချင်း

2019-10-31 00:51:38


နင့်ကိုငါယူမယ် ပြောပြီး ၃ ကြိမ်တိုင်တိုင် – – တဲ့ အိမ်နားနီးချင်း

နင့်ကိုငါယူမယ် ပြောပြီး ၃ ကြိမ်တိုင်တိုင် – – တဲ့ အိမ်နားနီးချင်း


အသက် (၁၅)နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သည့် တရားခံကို အမှုဖြင့် ဖမ်းဆီး စစ်ဆေး ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ချက်အရသိရသည်။


ပန်းတောင်းမြို့နယ်၊ ပုဂံကွဲကျေးရွာနေ မ —- (၁၅) နှစ်သည် လွန်ခဲ့သော(၂)လခန့် (နေ့ရက်မမှတ်မိ) နေ့လည် (၁၁)နာရီအချိန်ခန့်တွင် မိဘ (၂)ဦးမှာ အလုပ်လုပ်သွားနေသဖြင့် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် ၄င်းနေအိမ် ခေါင်းရင်းတွင် နေထိုင်သူ ကျော်စိုး (၄၉) နှစ် (အိမ်ထောင်ရှိ)မှ လှမ်းခေါ်သဖြင့် သွားရောက်ခဲ့ရာ


ကျော်စိုး၏ နေအိမ်ပေါက် အရောက် ကျော်စိုးမှ ၄င်းအား လက်ဆွဲ၍ နေအိမ်အောက် မြေပေါ်တွင် ချုပ်ပြီး ပါးစပ်အား ပိတ်ကာ ” နင့်အဖေ၊ အမေတို့ကို မပြောနဲ့ နင့်ကိုငါယူမယ်” ဟု ပြောဆိုပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊


နောက် တစ်ရက် ပထမအကြိမ် ကျူးလွန်သည့်နေရာ၌ပင် နောက်ထပ် ပြုကျင့်ခဲ့ကြောင်း၊ နောက်တစ်ရက် ခြားပြီး အဆိုပါနေရာတွင် ထပ်မံ၍ နောက်ထပ် (၁)ကြိမ် စုစုပေါင်း (၃)ကြိမ် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် အမျိုးသမီးများ၏ လစဉ်ဓမ္မတာ မပေါ်ခြင်း များဖြစ်ပြီး ခန္ဓာကိုယ်ပြောင်းလဲလာသဖြင့် ၄င်း၏ မိခင်ဖြစ်သူမှ ဆေးခန်းပြမည်ဟု ပြောဆိုသည့် အခါ မ —- မှ ၄င်းအား ကျော်စိုးမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း


မိခင်ဖြစ်သူ အား ပြောပြခဲ့ပြီး ၃၀-၁၀-၂၀၁၉ ရက်နေ့တွင် ဥသျှစ်ပင်နယ်မြေရဲစခန်း (ပ) ၁၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။


အဆိုပါ အမှုနှင့်ပတ်သက်၍ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ တရားခံ ကျော်စိုး နေထိုင်သည့် နေအိမ် အား ဥသျှစ်ပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီးစဉ်


တရားခံအား ၎င်းနေထိုင်ရာ နေအိမ်တွင် ဖမ်းဆီးရမိသဖြင့် ၃၀-၁၀-၂၀၁၉ ရက်နေ့ နေ့လည် (၁၂)နာရီအချိန် အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ အမြန်တရား စွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။


သတင်းဓာတ်ပုံ – ပဲခူးတိုင်း ရဲတပ်ဖွဲ့ AlinnMyay(အလင်းမြေ)