သတိမေ့နေတဲ့ ဇနီးသည် ပြန်သတိရလာရင် ဖြစ်ပျက်သမျှ သိရဖို့ မှတ်စုရေးပေးတဲ့ ခင်ပွန်း

2019-10-31 00:53:09


သတိမေ့နေတဲ့ ဇနီးသည် ပြန်သတိရလာရင် ဖြစ်ပျက်သမျှ သိရဖို့ မှတ်စုရေးပေးတဲ့ ခင်ပွန်း

သတိမေ့နေတဲ့ ဇနီးသည် ပြန်သတိရလာရင် ဖြစ်ပျက်သမျှ သိရဖို့ မှတ်စုရေးပေးတဲ့ ခင်ပွန်း


သူ့ကိုယ်သူလည်း မသိ၊ ကိုယ့်ကိုလည်း မမှိတ်မိတော့တဲ့ လူ တစ်ဦးကို ဂရုတစိုက်နဲ့ စောင့်ရှောက်ဖို့က အလွန် ခက်ခဲမှာ သေချာပါပဲ။ ဒါပေမဲ့ အမေရိကန်နိုင်ငံ မီချီကန်ပြည်နယ်က အမျိုးသားတစ်ဦးကတော့သူ့ကို မေ့နေတဲ့ သူ့ရဲ့ ဇနီးသည်ကို အကောင်းဆုံး ပြုစုခဲ့ပါတယ်။


သူဟာ ဇနီးသည် ပြန်သတိရလာရင် ဖြစ်ပျက်သမျှ သိရဖို့အတွက် သတိမေ့နေချိန်မှာ ဖြစ်သမျှ အကြောင်းစုံကို မှတ်စုရေးထားပါတယ်။


အသက် (၃၁) နှစ်အရွယ် ဇနီးသည် ကမ်ရီ (Camre) ဟာ ကိုယ်ဝန်ဆောင်၊ မီးဖွားပြီးနောက် ရှားပါးတဲ့ ရောဂါကို ခံစားခဲ့ရပြီး မှတ်ဉာဏ် ပျောက်ဆုံးခဲ့ပါတယ်။ သူမဟာ သူ့ကိုယ်သူရော၊ သူ့ရဲ့ ခင်ပွန်းကိုရော ဘယ်သူ့ကိုမှ မသိတော့တာပါ။


ခင်ပွန်းသည် စတီဗ် (Steve) က ဇနီးသည် ကမ်ရီ မီးဖွားပြီးတဲ့ အခါမှာသာမန် မဟုတ်ဘဲ၊ တစ်မူးထူးခြားနေခဲ့ပြီး၊ သူ့ဟာသူ ဘယ်သူလဲ ဆိုတာ မသိဘူးလို့ ပြောပါတယ်။


ခင်ပွန်းသည် စတီဗ်က “ဇနီး နိုးလာတဲ့ အချိန်မှာ တစ်ခုခုက လွဲနေခဲ့တယ်။ သူ့ကိုယ်သူ ဘယ်သူလဲလို့ သူ မသိခဲ့ဘူး။ သူ ကလေးမွေးတာကိုလည်း မသိဘူး။


ကျွန်တော် ဘယ်သူလဲ ဆိုတာ မသိတော့သလို သူ့ရဲ့ မိဘတွေကိုလည်း မသိတော့ဘူး”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်မို့လို့၊ စတီဗ်ဟာ သူ့ရဲ့ ဇနီးသည် ပြန်လည် သတိရလာတဲ့ အချိန်မှာ အကြောင်းစုံ သိရဖို့ သတိမေ့နေတုန်း မှတ်စုတွေ ရေးခဲ့ပါတယ်။


စတီဗ်ဟာ မှတ်စုစာအုပ်ရဲ့ ခေါင်းစဉ်ကို “ငါ နင့်ကို ချစ်တာ ငါ သိတယ်”လို့ ပေးခဲ့ပါတယ်။ ခေါင်းစဉ်ကို ဒီလို ပေးရတာက သူ့ရဲ့ ဇနီးသည်ကြောင်း ဖြစ်ပါတယ်။


ဇနီးသည်ဟာ စတီဗ်ကို ဘယ်သူလဲ ဆိုတာကို မသိပေမဲ့ ခင်ပွန်းသည်ကို ချစ်တာကိုတော့ သူ သိနေပါတယ်။ ဇနီးသည် သတိမေ့နေတုန်း ပြောလေ့ရှိတာက “ကျွန်မ ရှင့်ကို မသိဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ချစ်တယ်” လို့ ပြောလေ့ပြောထ ရှိပါတယ်။


Ko Khant (D Nae Khit Media)