အငိုသန်တဲ့သူတွေသာ ခံစားရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၅)မျိုး

2019-10-31 00:55:20


အငိုသန်တဲ့သူတွေသာ ခံစားရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၅)မျိုး

အငိုသန်တဲ့သူတွေသာ ခံစားရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၅)မျိုး


ငိုတယ်ဆိုတာ မကောင်းဘူး ကောင်းတယ်ဆိုတာထက်၊ ငိုတာဟာ ကျန်မာရေးကို ထောက်ကူပေးနိုင်တာကတော့ သေချာပါတယ်။ ရယ်တာကလည်း ကျန်းမာရေး ကောင်းကျိုးတွေရှိသလို၊ ငိုခြင်းကလည်း လူကို အကျိုးပြုပါတယ်။ အငိုသန်တဲ့သူတွေသာ ခံစားရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး (၅)မျိုး D Nae Khit ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။


(၁) စိတ်ဖိအားများ


စိတ်ဖိအားကို ပေါ့ပေါ့ဆဆ မမှတ်ကြပါနဲ့။ စိတ်ဖိအားဟာ လူတစ်ယောက် ရှင်သန်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ စိတ်ဖိအားတွေကို နိုင်နင်းစွာ မကုသလေ စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး အခြားရောဂါဘယတွေရဲ့ နှောက်ယှက်မှုကို ခံရနိုင်လေပါ။ ငိုကျွေးခြင်းဟာ စိတ်ဖိအားတွေကို ဖယ်ရှားစေနိုင်ပါတယ်။


(၂) သွေးဖိအားကို ထိန်းပေးခြင်း


သွေးတိုးခြင်း သွေးကျခြင်းဟာ သင့်အသက်ကို အချိန်မရွေး နှုတ်ယူသွားနိုင်တဲ့ အသံတိတ် လူသတ်သမားတွေ ဖြစ်ပါတယ်။ ငိုကျွေးသူမှာတော့ သွေးဖိအားကို ထိန်းပေးပြီး၊ သွေးတက်နေရင်လည်း ချပေးနိုင်တဲ့ အစွမ်းသတ္တိရှိသလို၊ သွေးကျနေရင်လည်း ပုံမှန်ပြန်ဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။


(၃) မျက်စိရောဂါတွေကို ပျောက်ကင်းစေတယ်


ငိုကျွေးခြင်းက အရွယ်မတိုင်ခင် မျက်လုံးမှုန်ခြင်း၊ မျက်စိတိမ်စွဲခြင်း စတဲ့မျက်လုံးရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ မျက်ရည်ဟာ မျက်လုံးပေါ်က အညစ်အကျေးတွေကို သန့်ရှင်းစင်ကြယ်စေနိုင်ပြီး တစ်ဖက်တစ်လမ်းကနေ မျက်လုံးကို ကောင်းကျိုးတွေ အများကြီးပေးပါတယ်။


(၄) စိတ်ဆိုးဒေါသထွက်မှုကို လျှော့ကျစေနိုင်တယ်


စိတ်ဆိုးတယ်၊ ဒေါသထွက်တယ်ဆိုတာ လူတိုင်းအတွက် မကောင်းပါဘူး။ ဒီထက်မက ပိုတဲ့ ဆိုးကျိုးတွေလည်း အများကြီး ပေးစွမ်းနိုင်ပါတယ်။ ငိုကျွေးခြင်းကတော့ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးသလို၊ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အာဃာတတရားတွေကိုလည်း ပယ်ပျောက်စေနိုင်ပါတယ်။


(၅) နာကျင်မှုကို လျှော့ကျစေတယ်


နာရင် ငိုကြတာပါပဲ။ သည်းမခံနိုင်တဲ့ အနာတွေ ရလာရင် လူတွေငိုကြပါတယ်။ ဒါဟာ သဘာဝက အလိုလိုဖန်တီးပေးတဲ့ လှုံ့ဆော်မှုပါ။ အကြောင်းကတော့ နာလို့ ငိုရင်၊ ငိုရင်းနဲ့ နာတဲ့ဝေဒနာ ပျောက်သွားနိုင်ပါတယ်။ ကလေးတွေဆို နာလို့ ငိုတယ်၊ ငိုပြီးသွားရင် ခုနက နာခဲ့တဲ့နေရာကို မေ့သွားပါရော။ ဒါက ငိုခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။


လင်းဇော်ကို (D Nae Khit Media)