တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း . . 31.10.2019 မှ 06.11.2019 အထိ

2019-10-31 09:56:04


တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း . . 31.10.2019 မှ 06.11.2019 အထိ

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း . . 31.10.2019 မှ 06.11.2019 အထိ


တနင်္ဂနွေ


ဒီကာလအတွင်း စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများ ပြုပြင်ခြင်းတွေ၊အသစ်လဲလှယ်ခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။နာမည်ကောင်းနှင့်ကျော်ကြားတတ်တဲ့ကာလပါပဲ။ ဆက်သွယ်ရေးအလုပ်များ၊စာအုပ်ထုတ်ဝေရေး အလုပ်များအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ရွှေနှင့်သတ္တုတူးဖော်ခြင်းများ အဆင်ပြေတိုးတတ်နိုင်ပါတယ်။


မိတ်ဆွေ ကောင်းတွေရဲ့အကူအညီရနိုင်သလို ဆရာသမားတွေဆီကအကြံကောင်းတွေရလာတတ်ပါတယ်။ အလုပ်သစ်၊ဆိုင် သစ်စီးပွားသစ်စတင်လို့ကောင်းပါတယ်။ အိုင်တီပစ္စည်းများဝယ်ယူမဲ့သူတွေကတော့ ထင်ထားသည်ထက်အကုန် အကျပိုများနိုင်ပါတယ်။ စီးပွားရေးများသိသာထင်ရှားစွာတိုးတတ်လိမ့်မယ်။ လခစားဝန်ထမ်းများ မိမိကြိုးစားမှုကို လူကြီးတွေသတိထားမိပါလိမ့်မယ်။


အနုပညာအလုပ်တွေ အလုပ်ပေါလာပေမဲ့ ဈေးတော့မရတတ်ပါဘူး။ ကျန်းမာ ရေးကတော့နှလုံးအားနည်းမူးမောတတ်ပါတယ်။အိပ်ရေးပျက်တတ်ပါတယ်။ အချစ်ရေးကတော့ချစ်သူအတွက် ငွေကုန်လူပန်းတွေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့စကားငြင်းခုန်ဖြစ်လိမ့်မယ်။ နားလည်ရခက်၊ညှိနှိုင်းရ မလွယ်၊စကားနည်းရန်စဲနေမှအဆင်ပြေလိမ့်မယ်။ ပညာရေးမှာတော့ ဆရာဟောင်းတွေနဲ့ခွဲခွာရတတ်ပြီး ဆရာသစ် တွေနဲ့ကြုံရတတ်ပါတယ်။


အကျိုးပေးဂဏန်း 1/5/8  အထူးဟော အလုပ်စီးပွားထင်ရှားစွာတိုးတတ်မည်။ ..ယတြာ အသက်ကြီးသူများကိုလိုအပ်တဲ့အားဆေးလှူလိုက်ပါ။


တနင်္လာ


အလုပ်ပြောင်း၊နေရာပြောင်း၊အိုးအိမ်ပြောင်း၊အိမ်သစ်တက်ခြင်းတွေကြုံရတတ်ပါတယ်။ ရာထူးနေရာ ကောင်းရတတ်ပါတယ်။ ဒီကာလဟာမိမိဝင်ငွေနည်းပေမဲ့ ဘေးကအထောက်အပံံံ့တွေ၊ပံံ့ပိုးမှုတွေကြုံရတတ်ပါတယ် ။ဆရာမိဘတို့ရဲ့အလုပ်ကိုဝိုင်းကူလုပ်ပေးရာကနေအရှုံးပေါ်တတ်ပါတယ်။ အလုပ်နဲ့ပက်သက်သောခရီးတွေရက် ရွှေ့ပြီးမှအဆင်ပြေရတတ်ပါတယ်။ မိမိရဲ့အကြွေးဟောင်းတွေပြန်ဆပ်နိုင်ပါလိမ့်မယ်။


စက်ကားဝယ်ယူမယ်ဆိုအနာ အဆာပါလာတတ်ပါတယ်။သတိနဲ့ယှဉ်ပါ။အောက်လက်ငယ်သားတွေကို ငွေကြေးနဲ့ပက်သက်ပြီး ခိုင်းစေခြင်းကို သတိရှိပါ။ မိမိပိုင်ကားတွေ၊ဆိုင်ကယ်တွေသူများကို ရင်းနှီးတယ်ဆိုပြီးမငှားလိုက်ပါနဲ့။ ပေါင်သွား၊ရောင်းသွားပြီး ထွက်ပြေးသွားတတ်ပါတယ်။မလိုအပ်ဘဲ လိုချင်တာတွေကိုဝယ်နေမိတာကြောင့်ငွေကုန်တတ်ပါတယ်။ ကျန်းမာ ရေးမှာတော့ လိင်အင်္ဂါနဲ့ပက်သက်သောရောဂါတွေသတိရှိလိုက်ပါ။


အချစ်ရေးမှာတော့ချစ်သူရဲ့လိမ်ညာလှည့်စား ခြင်းကိုခံရတတ်ပါတယ်။ချစ်သူအပေါ်တန်ဖိုးထားချစ်မိသူဆိုရင်တော့ပိုမိုခံစားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တော့ အဆင်ပြေစိတ်ချမ်းသာရမည်။ အိမ်ထောင်ဘက်အပေါ်လိုရာပုံသွင်းနိုင်ပါလိမ့်မယ်။ ပညာရေးမှာတော့ ခက် ခဲစွာသင်ယူရတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/5/6 .. အထူးဟော စိတ်နဲ့လူနဲ့မကပ်ဖြစ်ရမည်။ ..ယတြာ မိမိပတ်ဝန်းကျင်းကသူတွေကို အိတ်ဆောင်တရားစာအုပ်လေးတွေလှူလိုက်ပါ။


အင်္ဂါ


စားဆီပဲဖြစ်ဖြစ်၊ စက်သုံးဆီ/ချောဆီပဲဖြစ်ဖြစ် ဆီနဲ့ပက်သက်သောအလုပ်များအရောင်းအဝယ်ကောင်းလာ တတ်ပါတယ်။ ဒါပေမဲ့ အောက်လက်ငယ်သားတွေဖျားနာတာကြောင့် မိမိကပိုမိုပင်ပန်းရတတ်ပါတယ်။မြေယာနဲ့ ပက်သက်သောအလုပ်များ၊မြေတူးဆွခြင်းနှင့်ဆိုင်သောအလုပ်များအဆင်ပြေလိမ့်မယ်။ မထင်မှတ်ဘဲခရီးတိုတွေ သွားနေရတတ်ပါတယ်။


စုတ်ကိစ္စမရှုပ်ပါနဲ့။ ဒီကာလမှာ ပြဿနာဖြစ်ရတတ်လို့ပါပဲ။သတင်းအလုပ်၊ကိုယ်စားလှယ် အလုပ်များနှင့် အကျိုးဆောင်အလုပ်များ အခွင့်အလမ်းသစ်တွေရလာတတ်ပါတယ်။ စပ်တူကိစ္စအဆင်မပြေဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်အနေအထားမျိုးဖြစ်နေတတ်ပါတယ်။လက်ဝတ်ရတနာများဝယ်ယူ ဖြစ်လိမ့်မယ်။ ကျောက်သီးသန့်တော့ မဝယ်သင့်ပါဘူး။ ကျန်းမာရေးကတော့ ရင်ကျပ်ခြင်း၊ရင်ဘတ်အောင့်ခြင်း ဖြစ်လွယ်သည်။


အဆုတ်အားနည်းနေတတ်ပါတယ်။ အချစ်ရေးမှာ ဆွေမျိုးသားချင်းတွေနဲ့ပက်သက်ပြီး ချစ်သူနဲ့အဆင်မပြေဖြစ်ရတတ်ပါတယ်။ စကားပြောအမှားတွေကြောင့်ချစ်သူရဲ့စိတ်ကောက်ခြင်းကိုခံရတတ်ပါ တယ်။အိမ်ထောာင်ရေးအလွန်အဆင်ပြေသာယာပါလိမ့်မယ်။ ပညာရေးအခွင့်အလမ်းသစ်တွေပေါ်လာမည်။ သို့ရာ တွင် ပညာရေးအတွက်ငွေကုန်နေမည်။


အကျိုးပေးဂဏန်း 0/3/6 .. အထူးဟော စိတ်ညစ်စရာတွေများနေတတ်ပါတယ်။ ..ယတြာ ဘုရားရှင်အားဆီမီး၃တိုင်ကပ်လှူပြီး သမ္ဗုဒ္ဓေဂါထာတော်ကိုသက်စေ့ရွတ်ပွားပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလမှာ အင်ဂျင်နီယာနှင့်ပက်သက်သောအလုပ်များ၊ဆောက်လုပ်ရေးနဲ့ပက်သက်သောအလုပ်များ အဆင်ပြေတိုးတတ်မည်။ ဒါအပြင် စက်ကားပြုပြင်ထိန်းသိမ်းတဲ့အလုပ်တွေလုပ်နေကြသူတွေဆိုရင်လဲ ပိုမိုသိသာ စွာအဆင်ပြေနိုင်ပါတယ်။နည်းပညာနဲ့ဆက်နွယ်တဲ့အလုပ်တွေလုပ်သူဆိုရင်တော့ အဆက်အသွယ်တွေရလာ တတ်ပါတယ်။ ရောင်းချင်၊ဝယ်ချင်တာတွေရှိနေရင်တော့ မြန်မြန်ဝယ်၊မြန်မြန်ရောင်းတာအကောင်းဆုံးပါပဲ။


ကုန် ပစ္စည်းအသစ်များကိုစတင်ဖြန့်ချီခြင်းတွေ၊ အွန်လိုင်းကနေကြေငြာခြင်းတွေစတင်သင့်တဲ့ကာလပါပဲ။ အလှူအတန်း အလုပ်များ၊ဘာသာရေးအလုပ်များလုပ်ခွင့်ကြုံရတတ်ပါတတ်ပါတယ်။သားသမီးနဲ့ပက်သက်ပြီးစိတ်ချမ်းမြေ့ရတတ် ပါတယ်။တန်ဖိုးရှိတဲ့လက်ဆောင်တွေရလာတတ်ပါတယ်။ လှောင်ထားတဲ့ပစ္စည်းများဈေးကောင်းရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အာရုံကြောအားနည်းတတ်ပါတယ်။


အစာမကြေ၊အော့အန်ခြင်းတွေဖြစ်လွယ်ပါတယ်။ အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က ချစ်သူကိုငြီးငွေ့နေတတ်ပါတယ်။အချစ်သစ်ရှာမိနေတတ်ပါတယ်။ အိမ်ထောင် ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ အစေးမကပ်ဖြစ်ရတတ်ပါတယ်။အိမ်ထောင်ဘက်အပေါ်သွေးအေးနေတတ်ပါ တယ်။ ပညာရေးမှာတော့ လက်တွေ့ချက်ချင်းအသုံးချမဲ့ပညာတွေကို ရရှိတတ်ပါတယ်။


အကျိုးပေးဂဏန်း 1/4/7 .. အထူးဟော ကံမြင့်မားနေမည်။ ..ယတြာ ကထိန်အလှူတွေမှာ တတ်နိုင်သလောက်လှူဒါန်းထည့်ဝင်လိုက်ပါ။


ကြာသပတေး


ဒီကာလအတွင်းဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ဥပဒေဆိုင်ရာလုပ်ငန်းတွေလုပ် ကိုင်ကြသူတွေငွေဝင်လာလိမ့်မယ်။ဟော်တယ်လုပ်ငန်းများနှင့်အာကစားနှင့်ဆိုင်သောလုပ်ငန်းများ လူဝင်မည်။ ချောပို့အလုပ်များ အော်ဒါများများရလိမ့်မယ်။ ဝန်ထမ်းများရာထူးတတ်၊လစားတိုးခြင်းတွေအထူးကြုံရတတ်ပါတယ် ။ သူတစ်ပါးရဲ့အပြစ်အနာအဆာတွေကိုခွင့်လွှတ်ပေးနေမိတတ်ပါတယ်။


မိမိစိတ်ထဲ စိတ်ကောင်းဝင်နေတတ်ပါ တယ်။ ပျော်စရာတွေများများကြုံရလိမ့်မယ်။ ဆရာဟောင်းတွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရလာတတ်ပါတယ်။ ဖခင် အတွက်စိတ်ပူပန်ရတတ်ပါတယ်။ လုပ်ငန်းနေရာအပြောင်းအရွှေ့တွေမထင်မှတ်ဘဲ ကြုံရမည်။ ငွေကြေးပိုင်းဆိုင် ရာကိစ္စအ၀၀အဆင်ပြေမည်။ ငွေအထူးဝင်နေတဲ့ကာလဖြစ်တာကြောင့် ထီထိုးခြင်းတွေကိုဦးစားပေးဆောင်ရွက် လိုက်ပါ။ ကျန်းမာရေးကတော့ အအေးပတ်တတ်ပါတယ်။


အစားအစာမှားယွင်းမှုကြောင့် ဝမ်းလျှောခြင်း၊ဗိုက်ပွခြင်း တွေဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ မတည်ငြိမ်သောချစ်ခြင်းဖြစ်လိမ့်မယ်။ အနေနီးတဲ့ချစ်သူတွေအဆင်ပြေ ပေမဲ့အနေဝေးနေရင် မိမိကနီးစပ်သူနဲ့ထပ်မံငြိစွန်းသွားတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိသလောက်နည်း ပါတယ်။ ပညာရေးမှာတော့ အလှအပနှင့်ဆိုင်သော အရောင်းအဝယ်နဲ့ပက်သက်သောပညာများရတတ်ပါတယ်။


အကျိုးပေးဂဏန်း 1/5/9 ..အထူးဟော စိတ်ကြည်နူးချမ်းမြေ့ရတတ်ပါတယ်။ ..ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူဆူတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းတွေစတင်လိုက်ပါ။


သောကြာ


ဒီကာလမှာတော့ ဆုံးရှုံးနစ်နာစရာတွေများနေတတ်ပါတယ်။မိမိလုပ်နေတဲ့ပင်မအလုပ်တွေက ငွေမဝင်သ လောက်ကိုဖြစ်နေတတ်ပါတယ်။ အခြားသူတွေဆီကိုရှယ်ယာထည့်ဝင်ထားတဲ့ကိစ္စတွေကနေတော့ငွေဝင်လာ တတ်ပါတယ်။ အဆင်ပြေနေမဲ့အလုပ်တွေက စားသောက်ကုန်လုပ်ငန်များ ခရီးသွားအလုပ်များကတော့အဆင်ပြေ နေတတ်ပါတယ်။ ဘယ်လောက်ရင်းနှီးသည်ဖြစ်စေမည်သည့်ကိုမှ မယုံကြည်ပါနှင့် ။


မိမိကိုကောင်းကောင်းဒုက္ခပေး တတ်ပါတယ်။ စကားပြောဆင်ခြင်ပါ။ စကားကျွံရာကစလို့ ပြဿနာတွေကိုစတင်ဖန်တီးသလိုဖြစ်ရတတ်ပါတယ်။ လုံခြုံရေးကျိုးပေါက်တတ်ပါတယ်။ အိမ်ခြံတခါးမလုံခြုံသူများသတိထားပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကိုသွားလာခြင်းတွေရှောင်လိုက်ပါ။ မိသားစုအတွက်စိုးရိမ်မကင်းဖြစ်ရတတ်ပါတယ်။ သားသမီးကျန်း မာရေးကိုဂရုစိုက်ပါ။ အချစ်ရေးမှာတော့ မထင်မှတ်ဘဲချစ်သူရတတ်ပါတယ်။


ချစ်သူရဲ့အထင်ကြီးခြင်းခံရတတ်ပါ တယ်။ မိမိကျန်းမာရေးကတော့အညံ့အဆိုးမရှိသလောက် ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့သာယာ အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့မိမိကိုယ်တိုင်က ပညာရေးထက် စီးပွားရေးကိုပိုမိုစိတ်ဝင် စားနေရတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/3/6 ..အထူးဟော အညံ့အဆိုးတွေများနေတတ်ပါတယ်။ ယတြာ အရမ်းမွှေးသောပန်းများကို မွေးနေ့နံနက်မှာဘုရားပူဇော်လိုက်ပါ။


စနေ


ဒီကာလမှာတော့ ဝင်ငွေကောင်းသောအလုပ်တွေရရှိလာတတ်ပါတယ်။ မထင်မှတ်ဘဲကောင်းသော ပြောင်းလဲခြင်းနဲ့ တိုးတတ်ခြင်းတွေကြုံရလိမ့်မယ်။ကန်ထရိုက်အလုပ်များ၊ အိမ်ခြံမြေအရောင်းအဝယ်အလုပ်များ ပွဲစားအလုပ်များအဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိမိကိုအထင်သေးသူများတောင် လေးစားချစ်ခင်ခြင်းခံရတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့ အမွေမှုတွေစတင်ဖြစ်ပွားတတ်ပါတယ်။


လုပ်ငန်းခွင်အတွင်းကောင်းစွာစည်း ရုံးသိမ်းသွင်းနိုင်ပါလိမ့်မယ်။ မိမိကိုအကျိုးတူပူးပေါင်းရန်လာရောက်ကမ်းလှမ်းခြင်းတွေကြုံရတတ်ပါတယ်။ စည်းစိမ်း ချမ်းသာနှင့်ဓနဥစ္စာတွေရရှိတတ်ပါတယ်။ ကံစမ်းမဲပေါက်ခြင်း၊ထီပေါက်ခြင်းတွေ ကြုံရတတ်ပါတယ်။ ခရီးသွားလာ ခြင်းတွေ၊ကုန်သွယ်ခြင်းတွေအကျိုးအမြတ်ရရှိတတ်ပါတယ်။ကျန်းမာရေးကတော့ လေးလံထိုင်းမှိုင်း နေ တတ်ပါ တယ်။ ဝဖြိုးအဆီတတ်နေတတ်ပါတယ်။


ကျန်းမာရေးအားကစားလိုက်စားလိုက်ပါ။ အချစ်ရေးသာ ယာလိမ့်မယ်။ မမျှော်လင့်ဘဲ ရင်ခုန်ရမဲ့သူမျိုးနဲ့ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် နဲ့ခွဲခွာနေရတတ်ပါတယ်။ မိသားစုသာယာပျော်ရွှင်ရတတ်ပါတယ်။ ပညာရေးကတော့ ဥပဒေပညာ တွေသင်ယူရတတ်ပါတယ်


အကျိုးပေးဂဏန်း 3/4/0 .. အထူးဟော ကံသင့်ပါတယ်။ .. ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။