မေဝယ်သာကို စိန်ခေါ်လိုက်ကြတဲ့ ဂျက်မား နဲ့ ပက်ကွီအို

2019-10-31 10:06:01


မေဝယ်သာကို စိန်ခေါ်လိုက်ကြတဲ့ ဂျက်မား နဲ့ ပက်ကွီအို

မေဝယ်သာကို စိန်ခေါ်လိုက်ကြတဲ့ ဂျက်မား နဲ့ ပက်ကွီအို


စီးပွားရေး လုပ်ငန်းရှင် ဂျက်မားကတော့ မယုံနိုင်စရာ လုပ်ရပ်တစ်ခုကို ပြုလုပ်သွားခဲ့ပြီး မေဝယ်သာကို ထိုးသတ်ဖို့ စိန်ခေါ်လိုက်ပါတယ်။ ဂျက်မားဟာ အလီဘာဘာ လုပ်ငန်းရဲ့ ပူးတွဲ တည်ထောင်သူ ဖြစ်ပြီး ဖီလီပိုင် လက်ဝှေ့ကစားသမား ပက်ကွီအိုနဲ့ မိတ်ဆွေတွေ ဖြစ်ကြပါတယ်။


ဂျက်မား နဲ့ ပက်ကွီအိုတို့ဟာ ပြီးခဲ့တဲ့ အပတ်က ညစာ အတူ စားကြပြီးနောက် မေဝယ်သာကို စိန်ခေါ်ခဲ့ပါတယ်။အသက် (၅၅) နှစ်အရွယ် ဂျက်မားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၇) ရက်နေ့က သူ့ရဲ့ တွစ်တာမှာ လက်ဝှေ့လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကိုပါ တင်ခဲ့ပါတယ်။


ဂျက်မားဟာ တရုတ် သိုင်းပညာ “Tai Chi” ကို နှစ်ကာလရှည် လေ့ကျင့်ခဲ့သူပါပဲ။ သူဟာ သူ့ရဲ့ “Tai Chi” သိုင်း ပညာကို (၂၀၁၇) ခုနှစ်က ရိုက်ခဲ့တဲ့ “တိုက်ခိုက်ခြင်း နဲ့ ကာကွယ်ခြင်း အနုပညာ” ရုပ်ရှင်ဇာတ်ကားမှာ ပြသခဲ့ဖူးပါတယ်။


ဖီလီပိုင် လက်ဝှေ့ကျော် ပက်ကွီအိုက အမေရိကန် လက်ဝှေ့ကျော် မေဝယ်သာကို သူနဲ့ပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ သူငယ်ချင်း ဂျက်မားနဲ့ ဖြစ်ဖြစ် ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။


ပက်ကွီအိုက “ဖလိုက် မေဝယ်သာ၊ မင်းစစ်မှန်တဲ့ ထိုးသတ်ပွဲကို လိုချင်ရင် ငါနဲ့ ထိုးပေါ့။ ဟန်ပြ ထိုးသတ်ပွဲကို လိုချင်ရင်တော့ ငါ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဂျက်မားက မင်းကို ဂရုစိုက်ပေးပါလိမ့်မယ်”လို့ တိုက်ရိုက် စိန်ခေါ်သွားပါတယ်။


ပက်ကွီအိုက မေဝယ်သာကို စိန်ခေါ်ခဲ့ပြီးနောက် တရုတ် ဘီလီယံနာ သူဌေး ဂျက်မားက မေဝယ်သာနဲ့ ထိုးသတ်ဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။


ဂျက်မားက “ဟုတ်ပါတယ်။ ကျွန်တော် အဆင်သင့်ပါပဲ။ ဘယ်အချိန်၊ ဘယ်နေရာ ဖြစ်ဖြစ်”လို့ ပြောခဲ့ပါတယ်။ မေဝယ်သာဟာ လက်ဝှေ့လောကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမဲ့ ပက်ကွီအိုရဲ့ စိန်ခေါ်မှုကို လက်ခံပြီး ပြန်လာမလား စောင့်ကြည့်ရမှာပါ။


Ko Khant ( D Nae Khit Media )