မီးလောင်မှုဖြစ်ပွားနေတဲ့ ဂျပန်နိုင်ငံက သတင်း (Update)

2019-10-31 12:00:49


မီးလောင်မှုဖြစ်ပွားနေတဲ့ ဂျပန်နိုင်ငံက သတင်း (Update)

မီးလောင်မှုဖြစ်ပွားနေတဲ့ ဂျပန်နိုင်ငံက သတင်း (Update)


ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရူရီရဲတိုက်ကြီးဟာ မီးတောက်မီးလျှံတွေအပြည့်နဲ့ ပြာကျရတော့မယ့် အရေးနဲ့ ကြုံတွေ့နေရပါပြီ။ ဒီရဲတိုက်ကြီးဟာ ဒုတိယကမ္ဘာစစ်မှာ လုံး၀ ပျက်စီးသွားခဲ့ပေမယ့် ၁၉၃၃ ခုနှစ်မှာ ဂျပန်လူမျိုးတွေက ပြန်လည်တည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ ရတနာတစ်ခုအဖြစ်ထားရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်ကတည်းက ဂျပန်မင်းများ တည်ဆောက်ခဲ့တာပါ။



မီးသတ်သမားတွေဟာ ဒီရဲတိုက်ကြီးကို မီးငြိမ်းသတ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတည်းက တိုက်ပွဲဝင်နေကြပေမယ့် သစ်သားတွေနဲ့ပဲ တည်ဆောက်ထားတဲ့အတွက် အတော်လေး အခက်တွေ့နေကြရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်တွေအရကတော့ မီးအချက်ပြ အသံဟာ ည ၂ နာရီခွဲလောက်မှာ ထမြည်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ အဓိကအဆောင်အပါအဝင် တောင်ပိုင်းနဲ့ မြောက်ပိုင်းအဆောင်တွေကတော့ မီးလောင်ပြာကျနေပြီးပဲ ဖြစ်ပါတယ်။


ရူရီရဲတိုက်ဟာ နာဟာမြို့ကို အပေါ်စီးက ကြည့်ရူနိုင်တဲ့ တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး ကျောက်နံရံတွေနဲ့ ကာရံထားတာဖြစ်ပါတယ်။ ရူရီရဲတိုက်ဟာ ၁၉၇၀ ခုနှစ်အထိ အိုခီနာဝါရဲ့ အကြီးဆုံး တက္ကသိုလ်ကြီး တစ်ခုအဖြစ် တည်ရှိနေခဲ့ပြီး နိုင်ငံခြားခရီးသွားတွေ မျက်စိကျစရာ အထင်ကရနေရာတစ်ခုအဖြစ် လူသိများခဲ့ပါတယ်။


နာဟာမြို့တော်ဝန် မီကီကို ရှီရိုမာရဲ့ ပြောပြချက်အရ ရူရီရဲတိုက် မီးလောင်မှုမှာ ဘေးပတ်ဝန်းကျင်ကိုပါ ဆက်တိုက်မီးကူးနိုင်တာကြောင့် စိုးရိမ်ပူပန်နေကြောင်းကို ပြောသွားခဲ့ပါတယ်။ ရူရီရဲတိုက်မီးလောင်မှုဟာ ယခုအခါမှ ဖြစ်တာမဟုတ်ပဲ အရင် ရူကူခေတ်တုန်းကလည်း ၃ ကြိမ်တိတိ လောင်ကျွမ်းခဲ့ဘူးတဲ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း အိုခီနာဝါစစ်ပွဲမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရဖူးပါသေးတယ်။


ယခု မီးလောင်မှုမှာ ဘာကြောင့်ဖြစ်ပွားရလဲဆိုတာကို မသိရသေးပဲ အဓိက မီးငြိမ်းသတ်ဖို့ကိုပဲ အာရုံထားပြီး ကြိုးစားနေကြတာပဲဖြစ်ပါတယ်။


MMNewsChannel Media