အသက် (၂၃) နှစ် ပိုကြီးတဲ့ အပျိုကြီးကို မြင်မြင်ချင်း ချစ်မိပြီး (၂) လအကြာမှာ လပ်ထပ်ခဲ့တဲ့ သူ

2019-10-31 12:10:33


အသက် (၂၃) နှစ် ပိုကြီးတဲ့ အပျိုကြီးကို မြင်မြင်ချင်း ချစ်မိပြီး (၂) လအကြာမှာ လပ်ထပ်ခဲ့တဲ့ သူ

အသက် (၂၃) နှစ် ပိုကြီးတဲ့ အပျိုကြီးကို မြင်မြင်ချင်း ချစ်မိပြီး (၂) လအကြာမှာ လပ်ထပ်ခဲ့တဲ့ သူ


ချစ်သူ မရှိသေးဘူးဆိုရင် အားငယ်စရာ လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သင့်ရဲ့ဖူစားရှင်က အခု မမွေးသေးတာလည်း ဖြစ်နိုင်ပါတယ်။ စုံတွဲ တစ်တွဲဆိုရင် အသက် (၂၃) နှစ် ကွာကြပေမဲ့ ချင်ခင်စွာနဲ့ အတူ ပေါင်းသင်းကြပါတယ်။


အစက ကောင်လေးရဲ့ မိဘတွေက သဘောမတူလို့ သူတို့နှစ်ဦးဟာ လမ်းခွဲရတော့မလို ဖြစ်ခဲ့ပေမဲ့ အခက်အခဲတွေကို အတူ ရင်ဆိုင်ပြီး လက်ထပ်ခဲ့ကြပါတယ်။


တရုတ်နိုင်ငံက (၂၃) နှစ်အရွယ် Tan Wanping နဲ့ (၄၆) နှစ်အရွယ် Li Liang You တို့ဟာ စက်ဘီးစီးပြိုင်ပွဲမှာ တွေ့ခဲ့ကြပါတယ်။ စက်ဘီးစီးပြိုင်နေကြချိန်မှာ Li က ဘယ်ဖက်လက် ဒဏ်ရာရခဲ့ပြီး Tan က သူမကို ကူညီပေးခဲ့ပါတယ်။


Tan က Li ကို ဆေးရုံ လိုက်ပို့ခဲ့ပြီး ဆေးရုံကို မကြာခဏ သွားခဲ့ပါတယ်။ အချိန်ကြာလာတော့ Tan နဲ့ Li ဟာ ချစ်မိသွားကြပြီး ချစ်သူစုံတွေ ဖြစ်လာခဲ့ကြပါတယ်။


WorldofBuzz သတင်းက Tan နဲ့ Li ဟာ တွေ့ပြီး (၂) လအကြာမှာ လပ်ထပ်ကြတယ်လို့ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးဟာ လက်မထပ်ခင်မှာ အသက်အရွယ် ကွာဟလွန်းတာကြောင့် အခက်အခဲတွေ ရှိခဲ့ပါတယ်။


Li ဟာ အပျို တစ်ဦး မဟုတ်ဘဲ အရင်က လက်ထပ်ဖူးပြီး သာလေး တစ်ဦးပါ ရှိခဲ့ပါတယ်။ ဒါကြောင့်၊ ကောင်လေးရဲ့ မိဘတွေက သူတို့ရဲ့ သား Tan နဲ့ Li ကို သဘောမတူခဲ့တာပါပဲ။