ကျွန်တော့်ညီမလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိဓားနဲ့ထိုးသွင်းထားတာ…

2019-10-31 14:20:28


ကျွန်တော့်ညီမလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိဓားနဲ့ထိုးသွင်းထားတာ…

ကျွန်တော့်ညီမလေးကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိဓားနဲ့ထိုးသွင်းထားတာ…


မူးယစ်ဆေးဝါးလည်း သုံးထားတယ်။ ကြိုတင်ကြံစည်မှုလည်း သိသာနေတယ်။ သေစေလိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ကို တချက်တည်းမဟုတ် ၆ချက်တိတိ ဓားနဲ့ထိုးသွင်းပြီး ကျွန်တော့်ညီမလေးကို သတ်သွားတဲ့ လူတယောက်လို့ မခေါ်ထိုက်တဲ့သက်ရှိဝတ္တုတခုအတွက် ကျေအေးခြင်းကလုံးဝမရှိပါဘူး။


ဘာသာတရားအဆုံးအမတွေက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ အချင်းချင်းချစ်ကြဖို့သွန်သင်နေပေမယ့် ဒီအမှုကိုနောက်ဆုတ်ဖို့အတွက် ကျွန်တော် သူတော်စင်တပါး မဟုတ်ဘူး။ ဒီအရာဝတ္တုကိုလွှတ်ပေးလိုက်လို့ ကျွန်တော့်ညီမလေးလို နောက်ထပ် ဘယ်နှစ်ယောက်ထပ်ပြီး စတေးခံရမလဲ။ ဘယ်သူမှမသိနိုင်ဘူး။




ဒီလိုအဖြစ်မျိုးနောက်ထပ် မဖြစ်စေရပါဘူးလို့ အာမခံနိုင်တဲ့သူကလည်း ရွာသာကြီး(စိတ်ကျန်းမာရေးဆေးရုံ) ကအတွင်းလူနာတယောက်ပဲဖြစ်မှာ တထစ်ချ ယုံကြည်တယ်။ ကျွန်တော့်ညီမလေးလို နောက်ထပ်အပြစ်မရှိသူတွေမဆုံးရှုံးရအောင် တရားဥပဒေက မှန်မှန်ကန်ကန်စီရင်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်။


မိသားစုဝင်အားလုံး စိတ်သက်သာရဖို့ဆိုတာထက် အမှန်တရားကို ချစ်မြတ်နိုးတဲ့ပြည်သူတယောက်အနေနဲ့တောင်းဆိုပါတယ်။(ကျွန်တော်က မန္တလေးLCCI သင်တန်းကျောင်းမှ ာဓားထိုးခံရပြီးသေသွားတဲ့ကျောင်းသူ မအေးမွန်သန့်ရဲ့ အကိုဖြစ်ပါတယ်။)Joseph Linthu