“သတင်းထောက်တွေရှေ့မှာ တောင်းပန်ရင် အစ္စဏီကို ကျေအေးမယ်”လို့ စူးရှထက် ပြော

2019-08-05 15:31:36


“သတင်းထောက်တွေရှေ့မှာ တောင်းပန်ရင် အစ္စဏီကို ကျေအေးမယ်”လို့ စူးရှထက် ပြော

“သတင်းထောက်တွေရှေ့မှာ တောင်းပန်ရင် အစ္စဏီကို ကျေအေးမယ်”လို့ စူးရှထက် ပြော


မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သတင်းသမားများရှေ့မှာ ဝန်ချတောင်းပန်ပါက ဒီနေ့မှာပဲ အမှုကျေအေးပေးမယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။


“ဒီနေ့ ရုတ်သိမ်းလွှာလည်း အဆင်သင့် လုပ်လာတယ်။ အစ္စဏီဘက်က မှားပါတယ်၊ ဝန်ချ တောင်းပန်ပါတယ်ဆိုတဲ့ အခြေအနေမျိုးကို သတင်းစာဆရာတွေ ရှေ့မှာပြောရင် ကျေနပ်မယ်လို့ပြောပါတယ်” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။




ညှိနှိုင်းမှုများကိုတော့ အဆင့်ဆင့် လုပ်လာခဲ့တာဖြစ်ပြီး ဂုဏ်သရေရှိ စာရေးဆရာမ တဦးက ကြားဝင် ကူညီပေးတာကြောင့် အခုလို အခြေအနေဖြစ်ခဲ့ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ညှိနှိုင်းမှုများမှာ ငွေကြေး တစုံတရာ မပါဘဲ အဆင်ပြေပါက ၂ လခန့် စောင့်ဆိုင်းရမယ်လို့ သိရပါတယ်။




အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အစ္စဏီရဲ့အမှုအတွက် ရုံးချိန်းများ ချိန်းဆို စစ်ဆေးခဲ့တာ အချိန် ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။


(ယခု ဓာတ်ပုံများမှာ ယခင် ရုံးချိန်းက ဓာတ်ပုံများ ဖြစ်ပါတယ်)


Credit – သတင်း – ယုဖြူဟန်/ဧရာဝတီ

ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ