အသက် ၁၄ နှစ် ကျော်ခန့် ကျောင်းသူအား ခိုးယူ ပေါင်းသင်းမှု မှော်ဘီမြို့နယ် ၌ ဖြစ်ပွား

2019-08-05 23:23:53


အသက် ၁၄ နှစ် ကျော်ခန့် ကျောင်းသူအား ခိုးယူ ပေါင်းသင်းမှု မှော်ဘီမြို့နယ် ၌ ဖြစ်ပွား

မှော်ဘီမြို့နယ် ၌ အသက် ၁၄ နှစ် ၂ လ (၉ )တန်း ကျောင်းသူအား ခိုးယူပေါင်းသင်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


၂၀၁၉ ခု သြဂုတ် ၂ ရက်နေ့က ကျောင်းသွားရန် နေအိမ်မှထွက်သွားသူ မဝင်းဝင်းထွေး အား ဖခင်ဖြစ်သူမှ နေလည်၁၂ နာရီခန့် ၌ ကျောင်းသွားကြိုခဲ့ရာ သမီးဖြစ်သူသည် ကျောင်းမတက်ဘဲ ထောက်ကြန့်မြို့ရဲစုတောင်ရပ်ကွက်နေ စိုင်းနေလင်း နှင့် ခိုးရာ လိုက်သွားကြောင်း သိရှိရသဖြင့်စိုင်းနေလင်း ၏ နေအိမ်သို့သွားရောက်စုံစမ်းခဲ့ရာ ၎င်း၏မိခင်ဖြစ် ဒေါ်အေးက စိုင်းနေလင်းမှာ နေအိမ်တွင်မရှိကြောင်း စုံစမ်းပေးမည်ဖြစ်ကြောင်း ပြောပြသိရှိသဖြင့် နေအိမ်သို့ပြန်လာခဲ့ပြီး


သြဂုတ် ၅ ရက် ယနေ နံနက်(၈)နာရီအချိန်ခန့် ၌ သမီးဖြစ်သူ မဝင်းဝင်းထွေး နှင့်အတူ စိုင်းနေလင်းမှ ဒေါ်အေး နေအိမ်သို့ပြန်လည်ရောက်ရှိနေကြောင်း စုံစမ်းသိရသဖြင့် ဒေါ်အေး၏ နေအိမ်သို့ သွားရောက်၍ သမီးဖြစ်သူအား အကျိုးအကြောင်းမေးမြန်းရာ သြဂုတ် ၂ ရက်နေ့ နံနက် ၆ နာရီခန့်က သမီးဖြစ်သူမှာ စိုင်းနေလင်းနှင့်အတူ မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာ မြို့ချောင်းလမ်းရှိ တည်းခိုခန်းတစ်ခု ၌


သားမယားအဖြစ်(၁)ကြိမ် ပေါင်းသင်းနေထိုင်ခဲ့ပြီး သြဂုတ် ၃ ရက်နေ့မှ သြဂုတ် ၅ ရက်နေ့အထိ ထောက်ကြန့်ရှိသူငယ်ချင်းဖြစ်သူနေအိမ်၌ တည်းခိုနေထိုင်ခဲ့ပြီး ယနေ့ မနက်( ၇ )နာရီ ခန့်၌ စိုင်းနေလင်း ၏ မိခင် ဒေါ်အေးအိမ်သို့ပြန်လည်ရောက်ရှိ လာကြောင်းပြောပြသိရသဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသည့် သမီးဖြစ်သူ အား ခိုးယူပေါင်းသင်း သားမယားပြုကျင့်ခဲ့သူ စိုင်းနေလင်း(၂၀)နှစ် ရန်ကင်းလမ်း ရဲစုတောင်ရပ်ကွက် ထောက်ကြန့်မြို့ နေသူအား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက် ၍ စိုင်းနေလင်းအား မှော်ဘီမြို့မရဲစခန်းမှ (ပ)၁၆၅၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။


ညီညီ-လှိုင်သာယာ Real News Distribution Agency