သက်ရှိအရုပ်မလေးလိုချစ်စရာကောင်းလွန်းလို့ အောင်လရဲ့အချစ်တွေအားလုံးကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း


သက်ရှိအရုပ်မလေးလိုချစ်စရာကောင်းလွန်းလို့ အောင်လရဲ့အချစ်တွေအားလုံးကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

အသက် (၃၄) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ဝိုင်းစုဟာ သူမရဲ့ရှိရင်းစွဲအသက်ကို ခန့်မှန်းမရနိုင်လောက်အောင်ကို နုပျိုလွန်းသူ တစ်ယောက်ပါ။ နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ သူမရဲ့အချစ်ရေးဟာလည်း အေးချမ်းနေခဲ့ပါတယ်။ နှစ်ယောက်အတူ ကြိုးကြိုးစားစား စုဆောင်းထားတဲ့ငွေတွေနဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ခဲ့ပြီး ကြိုးစားမှုတွေအရာထင်ခဲ့ပါတယ်။


ဝါသနာလည်းတူ အကြိုက်လည်းတူသူတွေမို့ အများကြီးညှိစရာမလိုဘဲ ချစ်ခြင်းမေတ္တာတွေလည်း ထပ်တူကျခဲ့ပါတယ်။ ဒီနေ့မှာလည်း ဂါဝန်းလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဝိုင်းစုက လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။ ဝိတ်တွေလျော့ခဲ့ပြီးနောက်မှာတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။