ပ​ထွေးဖြစ်​သူက အရွယ်​မ​ရောက်​​သေးသူ မယားပါသမီးအား သားမယားပြုကျင့်

2019-08-06 00:14:57


ပ​ထွေးဖြစ်​သူက အရွယ်​မ​ရောက်​​သေးသူ မယားပါသမီးအား သားမယားပြုကျင့်

ကချင်​ပြည်​နယ်​၊ ​ရွှေကူမြို့နယ်​တွင်​ အရွယ်​မ​ရောက်​​သေးသူ မယားပါသမီးအား ပ​ထွေးဖြစ်​သူက အလိုမတူဘဲ သားမယားပြုကျင့်​မှုဖြစ်​ပွားသဖြင့်​ သြဂုတ်​ ၄ ရက်​​နေ့က အမှုဖွင့်​တိုင်​ကြားခဲ့​ကြောင်းသိရသည်​။


ဖြစ်​စဉ်​မှာ ​ရွှေကူမြို့နယ်​၊ မြို့လှမြို့၊ အမှတ်​(၂)ရပ်​​ကွက်​​နေမ—-(၁၅)နှစ်​သည်​ ပြီးခဲ့သည့်​ ဇူလိုင်​ ၂၄ ရက်​ ည​နေ ၄ နာရီခွဲက မြို့လှမြို့၊ အမှတ်​(၄)ရပ်​၊ခန့်​မှန်း​မြေပုံအညွှန်း(KH-693088)​ဒေသအ​ခေါ်- ကန့်​ကွက်​လျှိုထိပ်​ လယ်​ထဲတွင်​ လွှတ်​​ကျောင်းထားသည့်​ ကျွဲများအား ပြန်​သိမ်းရန်​ ပ​ထွေး​တော်​စပ်​သူ ဦးထွန်းရင်​ နှင့်​အတူ ​နေအိမ်​မှ ထွက်​ခွာသွားပြီး


ည​နေ ၅ နာရီခန့်​တွင်​ ကျွဲများအား​တွေ့ရှိ၍ လယ်​ကွက်​ထိပ်​ ချုံစပ်​တွင်​ ထိုင်​ကြည့်​​နေစဉ်​ ပ​ထွေးဖြစ်​သူဦးထွန်းရင်​သည်​ အ​နောက်​မှ ​ရောက်​လာပြီး ​ပွေ့ဖက်​လှဲချခဲ့ပြီး သားမယားပြုကျင့်​ရန်​ကြံစည်​စဉ်​ မ—- က “လူလုပ်​​နေသည်​”ဟု ​အော်​ဟစ်​ရာ ဦးထွန်းရင် က “မ​အော်​နဲ့”ဟု ဆိုကာ ၎င်း၏ပါးစပ်​အားပိတ်​ကာ အလိုမတူဘဲ သားမယားအဖြစ်​ ပြုကျင့်​ခဲ့​ကြောင်း၊




မ—- အ​နေဖြင့်​ မည်​သူကိုမျှ ​ပြောပြခြင်းမရှိဘဲ ​နေအိမ်​၌ ဆက်​လက်​​နေထိုင်​ခဲ့​သော်​လည်း အလားတူဖြစ်​စဉ်​မျိုး ထပ်​မံဖြစ်​ပွားမည်​စိုးရိမ်​သဖြင့်​သြဂုတ်​ ၄ ရက်​​နေ့တွင်​ မြို့လှနယ်​​မြေရဲစခန်းသို့ လာ​ရောက်​တိုင်​ကြားခြင်းဖြစ်​​ကြောင်း ရဲမှတ်​တမ်းအရ သိရသည်​။


ဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး အလိုမတူဘဲ သားမယားပြုကျင့်​သူထွန်းရင်​(၆၁)နှစ်အား မြို့လှနယ်​​မြေရဲစခန်းက (ပ)၅/၂၀၁၉ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ ဖြင့်​ အမှုဖွင့်​ဖမ်းဆီးကာ အမှုစစ်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​​အောင်​နိုင်​ဦးက ဆက်​လက်​စစ်​​ဆေးလျက်​ရှိ​ကြောင်းသိရသည်​။


ဗန်းမော်ပွင့်သစ်