၇ တန်းကျောင်းသူလေးကို ဦးလေး နှင့် အကိုဝမ်းကွဲတို့က အကြိမ်ကြိမ် သားမယား ကျင့်မှု

2019-08-06 09:49:09


၇ တန်းကျောင်းသူလေးကို ဦးလေး နှင့် အကိုဝမ်းကွဲတို့က အကြိမ်ကြိမ် သားမယား ကျင့်မှု

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား ဦးလေးအရင်းနှင့်အစ်ကိုဝမ်းကွဲတော်စပ်သူ(၂)ဦးမှ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု လက်ပန်လှကျေးရွာ လက်ပန်လှ (အ.ထ.က)ကျောင်းမှ ကျောင်းဆင်းပြန်လာသော (၇)တန်းကျောင်းသူ မ——– မှာ ခေါင်းမူးသည်ဟုပြောဆိုသဖြင့် မိခင်မှ ကျေးလက်ကျန်းမာရေး ဌာနသို့ ပြသခဲ့ရာ သားဖွားဆရာမမှ မ——-ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် မိခင်မှ သမီးဖြစ်သူအား မေးမြန်းရာ


လွန်ခဲ့သော(၄)လခန့်က မ—-မှာ နေအိမ်၌တစ်ဦးတည်း တီဗီကြည့်နေစဉ် တစ်ခြံဝန်းထဲနေ ဦးလေးတော်စပ်သူ သိန်းဇော်(ခ)ဦးဘို(ခ)ငဘ(၂၆)နှစ်မှာ ရောက်ရှိလာပြီး ၎င်း၏ဖုန်းထဲမှ ကိုယ်လုးံတည်းပုံများအား ပြသ၍ မ—–အား (၂၀)မိနစ်ခန့်ကြာသည်အထိ သားမယားအဖြစ်(၁)ကြိမ်


တစ်ပတ်ခန့်အကြာ နေ့လည်(၁၁)နာရီခန့် မ—-မှာ နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် သိန်းဇော်မှ သားမယားအဖြစ်(၁)ကြိမ် (၁)လခန့်အကြာ နေ့လည်(၁၁)နာရီအချိန်ခန့်တွင်(၁)ကြိမ် စုစုပေါင်း(၃)ကြိမ် ကျူးလွန်ခဲ့ပြီး


လွန်ခဲ့သော(၃)လခန့်က (၁၃၀၀)အချိန်ခန့်တွင် မ—နေအိမ်၌တီဗီ ကြည့်နေစဉ် အစ်ကိုဝမ်းကွဲ မှုတ်စည်(ခ)မင်းခန့်စိုး(၂၅)နှစ် မှလည်း နေအိမ်သို့ရောက်ရှိလာကာ သားမယားအဖြစ်(၁)ကြိမ် နောက်(၃)ရက်ခန့်အကြာ နေ့လည်(၁၁)နာရီခန့်တွင် မှုတ်စည်(ခ)မင်းခန့်စိုးမှ သားမယားအဖြစ်(၁)ကြိမ် ၂၀၁၉ သြ ၀၃ ၂၁၀၀အချိန် မှုတ်စည်(ခ)မင်းခန့်စိုးမှ သားမယားအဖြစ်(၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း


သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသည့် သမီးဖြစ်သူ မ—-အား နေအိမ်ပေါ်သို့တက်ရောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြသည့် သိန်းဇော်(ခ)ဦးဘို(ခ)ငဘိုနှင့် မှုတ်စည်(ခ)မင်းခန့်စိုးတို့(၂)ဦးအား ဥပဒေအရ အရေးယူပေးရန် ၂၀၁၉ သြ ၀၄ ၁၆၁၅ အချိန် မ—–၏မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ၂၀၁၉ သြ ၀၄ ၁၇၂၅အချိန် နမစ(လက်ပန်လှ) (ပ)၃၉၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ရေးဖွင့်ပြီး အမှုအား နမစမှူး ရဲအုပ်သိန်းအောင်မှ စစ်ဆေးလျှက်ရှိပြီး အမှုမှတရားခံ သိန်းဇော်(ခ)ဦးဘို(ခ)ငဘိုနှင့် မှုတ်စည်(ခ)မင်းခန့်စိုးတို့(၂)ဦးအား နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန့်ဇင်ဦးနှင့်ပူးပေါင်းအဖွဲ့မှ အချိန်နှင့်တပြေးညီ ပူးပေါင်း ဖမ်းဆီးကာ (၁၆ ၃၀)အချိန် အမှုဖြင့် ဖမ်းဆီးထာရှိကြောင်း သတင်းရရှိသည်


သတင်း


စန်းယု စဥ့်ကူး SH-ONLINE MEDIA