အမျိုးသမီးတစ်ဦး အဝတ် ဗလာဖြင့်ခြုံပုတ်အတွင်း အသတ်ခံထားရ

2019-08-06 09:50:35


အမျိုးသမီးတစ်ဦး အဝတ် ဗလာဖြင့်ခြုံပုတ်အတွင်း အသတ်ခံထားရ

ကျောက်တံခါး သြဂုတ်၅ရက်။   ။ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင် သံပရာခုံကျေးရွာအုပ်စု သူဋ္ဌေးကြီးကျေးရွာအနီးတွင် သြဂုတ် ၅ ရက်နံနက်ပိုင်းကခြုံပုတ်အတွင်းအဝတ်ဗလာဖြင့်အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်းသိရသည်။


ဖြစ်စဉ်မှာသံပရာခုံကျေးရွာအုပ်စု သူဌေးကြီးကျေးရွာတွင်နေထိုင်သူ မစုမြတ်လှိုင်၂၅နှစ်သည်နေထိုင်ရာလယ်ကွင်းတဲစုမှတစ်မိုင်ခန့်အကွာတွင်ရှိသောသူဌေးကြီးကျေးရွာတွင်းနေထိုင်သူဖခင်ဖြစ်သူဦးအောင်မြင့်ထံသို့သြဂုတ် ၄ ရက် မွန်းတည့်၁၂နာရီခန့်ကဟင်းပို့ရန်သွားရောက်ခဲ့ပြီးဖခင်ဖြစ်သူ၏နေအိမ်မှမွန်းလွဲ၂နာရီခွဲခန့်တွင်ပြန်တော့မည်ဟုပြော၍


လယ်တဲသို့ပြန်သွားခဲ့သော်လည်းညနေပိုင်းအထိပြန်ရောက်ရှိလာခြင်းမရှိသဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးထံသတင်းပို့၍ဖခင်ဖြစ်သူနှင့်ရွာသူရွာသားများမှလိုက်လံရှာဖွေခဲ့ကြရာ သြဂုတ်၅ရက်နံနက်၎နာရီခန့်တွင် သူဌေးကြီး-အမြန်လမ်းသွားကားလမ်း၏မြောက်ဘက်ရှိတောအတွင်းခြုံပုတ်အနီးတွင် မှောက်လျှက်အနေအထားဖြင့်ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါ အောက်ပိုင်းလုံချည်ပတ်ထားလျှက် နှာခေါင်းသွေးထွက် လျှာထွက် နှုတ်ခမ်းကိုက်ထား လည်ပင်းညိုမဲ ယာနားထင်ပွန်းပဲ့ ခြေမကွဲဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသိရသည်။


ဖြစ်စဉ်နှင့်ပက်သက်ပြီးကျောက်တံခါးမြို့ နယ်ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ(ပ)၁၆၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာစခန်းမှုးရဲအုပ်ဇော်လွင်မှစစ်ဆေးဆောင်ရွက်၍ပြစ်မှုကျုးလွန်သူအားအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ခင်ကို(ကျောက်တံခါး)