ငွေကြေးမယူပဲ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးချင်တယ်ဆိုတဲ့ ဒေါက်တာမလေး နန်းမွေစံ

2019-08-06 10:04:58


ငွေကြေးမယူပဲ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးချင်တယ်ဆိုတဲ့ ဒေါက်တာမလေး နန်းမွေစံ

ဒေါက်တာမလေး နန်းမွေစံကတော့ လက်ရှိမှာဆိုရင် အရင်ကထက် ပရိသတ်အားပေးမှုလည်း များလာသလို သူ့ကိုဝန်းရံကြတဲ့သူတွေများလာပြီ ဖြစ်ပါတယ်။ ဆက်ဆီကျလွန်းတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့်လည်း



ဆမ အသိမ်းခံလိုက်ရတဲ့ မွေစံကတော့ သူဝါသနာပါရာ အနုပညာအလုပ်တွေကိုပဲ ဆက်လုပ်ကိုင်နေတာ ဖြစ်ပြီး သူ့အတွက်လည်း ငွေကြေးက အဓိက မဟုတ်ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။ ဒေါက်တာနန်းမွေစံကတော့ Sunday နဲ့ အင်တာဗျူးမှာတော့


ရေအတူတူချိုးမလားဆိုတဲ့ ပို့စ်တင်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “အဲ့ဒါက သူငယ်ချင်း ရိုက်ပေးတာပါ။ အဲ့ဒါကလည်း အင်စတာဂရမ် မော်ဒယ်တွေ ရိုက်တဲ့ပုံစံလေးကို ယူပြီးတော့ ရိုက်ထားတာပေါ့။ သူတို့ရိုက်တာလေးတွေ သဘောကျလို့လေ။ မွေစံကတော့ အားပေးတဲ့သူတွေ ကျေနပ်အောင် ဓါတ်ပုံလေးတွေ ဗီဒီယိုလေးတွေ



ဆက်ပြီးတော့ တင်သွားဖို့ရှိပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမတင်ဖြစ်ဘူးဆိုတာက သီချင်းဆိုတဲ့ ပွဲတွေကို ဆက်တိုက်သွားနေတာပေါ့နော်။ သူတို့တွေက သီချင်းဆိုတာ ငှားလို့ပေါ့နော်။ မွေစံ အဓိကကတော့ ကိုယ်ဝါသနာပါတဲ့ ဓါတ်ပုံမော်ဒယ်ကိုတော့ သေချာလုပ်ဖြစ်မှာပါ ပရိသတ်တွေ ပိုပြီးတော့ အားပေးမှု ရလာတဲ့အပေါ်မှာတော့ “ဘာပဲ ပြောပြောလေ အရင်ကထက်တော့ အားရှိသွားတာပေါ့။


ဆက်ပြီးတော့ အနုပညာအလုပ်တွေလုပ်ဖို့လည်း အားရှိသွားတာပေါ့။ မွေစံက တခုပြောပြီးသား ငွေလုံးဝမမက်ဘူး ပိုက်ဆံ လုံးဝမမက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ငယ်ငယ်လေးကတည်းက ပြည့်ပြည့်စုံစုံနေရတယ်ကွာ။ အဲ့ဒါကြောင့် ငွေနောက်ကိုလည်း မလိုက်ချင်ဘူး။ ငွေကြေးမပါတဲ့ အနုပညာသီးသန့်ကိုတော့ ဖန်တီးချင်ပါတယ်။ စိတ်ကူးလေးတွေ ရှိပါတယ်။လောကကြီးမှာ ငွေက အရာအားလုံးကို မဖြစ်နိုင်ဘူး။ လူတွေက ပြောတယ် တော်တော်များများ ဖြစ်နိုင်တယ်ပေါ့။ မှန်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးကို မဖြစ်နိုင်ပါဘူး။


ငွေနဲ့လုပ်ယူလို့မရတဲ့ အရာတွေ အများကြီးပါပဲ။ ဒါကြောင့် စိတ်ထားလေး ကောင်းကောင်းထားပြီး ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်သွားချင်ပါတယ်။ လူတွေက တယောက်နဲ့ တယောက် ကြီးပြင်းလာတာခြင်း မတူဘူးလေ။ သူများတွေကိုလည်း မွေစံ မပြောပါဘူး။ မွေစံကတော့ ပရိသတ်တွေကို စေတနာရင်းနဲ့ အနုပညာတွေ ဖန်တီးပေးချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။


Reference & Credit : momolay.com | Photo : LI JHON