ထောင်ထဲကို ဖုန်းခိုးယူသွားပြီး ထောင်ထဲမှာပျော်နေတာကိုဝေမျှခဲ့တဲ့ တသက်တကျွန်းပြစ်ဒဏ်ကျတဲ့အမျိုးသား

2019-08-06 10:38:06


ထောင်ထဲကို ဖုန်းခိုးယူသွားပြီး ထောင်ထဲမှာပျော်နေတာကိုဝေမျှခဲ့တဲ့ တသက်တကျွန်းပြစ်ဒဏ်ကျတဲ့အမျိုးသား

KAI NAZI လို့အမည်ရတဲ့အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ကို သတ်ခဲ့တဲ့အတွက် လူသတ်မှုပြစ်ဒဏ်အနေနဲ့ တသက်တကျွန်းပြစ်ဒဏ်ကျခံနေရတာပါ။ ဒါပေမယ့် ပြစ်ဒဏ်အကျခံခဲ့ရပြီး ရက်အနည်းငယ်အကြာမှာ သူဟာ အင်စတာဂရမ်ပေါ်မှာ ထောင်ထဲမှာ ရယ်ရယ်မောမောနဲ့ထောင်သားတွေနဲ့အတူပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ပြီးမျှဝေထားတာကို စစ်ဆေးတွေ့ရှိခဲ့ကြရပါတယ်။


သူဟာ ထောင်ထဲမှာ တသက်တကျွန်းကျခံနေရတာဖြစ်ပြီး ပြစ်မှုကတော့ လူသတ်မှုနဲ့ပါ။ သူဟာ သူငယ်ချင်းဖြစ်တဲ့ Christ West ဆိုတဲ့သူကို ပါတီပွဲတစ်ခုမှာ ဓားနဲ့ ၁၂ချက်တိတိထိုးခဲ့ပြီး သူငယ်ချင်းဖြစ်သူကိုသတ်ခဲ့တာပါ။ သူဟာအဲ့ဒီလူသတ်မှုကြောင့် ထောင်ဒဏ်တသတ်တကျွန်းအပါအ၀င် လူသတ်ရန်ကြံစည်မှုအတွက် ၁၅နှစ်နဲ့ လက်နက်ကိုင်ဆောင်မှုအတွက် ၂နှစ်ပါ ထပ်မံထောင်ဒဏ်တိုးခဲ့ပါတယ်။ အယူခံဝင်ပြီးနောက်ပိုင်းမှာတော့ သူ့ကို ထောင်ဒဏ် ၂၃နှစ်အထိလျော့ချပေးခဲ့ကြပေမယ့် သူ့ရဲ့ပြစ်မှုတွေပေါ်မှာ နောင်တမရခဲ့တဲ့သူဟာ ပြသနာကိုမီးမွှေးပြီး ထပ်ရှာခဲ့ပါတယ်။


ထောင်ကျပြီးရက်အနည်းငယ်အကြာမှာ တာဝန်ရှိသူတွေဟာ ထောင်ကျနေတဲ့သူဟာ အင်စတာဂရမ်ပေါ်မှာ သူ့ရဲ့ထောင်ထဲမှာနေရတဲ့ဘ၀ကို ဓာတ်ပုံတွေဗီဒီယိုတွေတင်ကာမျှဝေနေပြီး ထောင်ထဲမှာ ဖုန်းခိုးသွင်းပြီး အသုံးပြုနေကြောင်းတိုင်ကြားချက်ကိုလက်ခံရရှိခဲ့ပါတယ်။


သူရဲ့အင်စတာဂရမ်အကောင့်မှာ ပို့စ်ဆယ်ခုကိုမျှဝေခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဖုန်းအသုံးပြုခွင့်မရှိတဲ့ ထောင်ထဲမှာ ဒီလိုအသုံးပြုခဲ့တာဟာ ထောင်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို မလေးစားတဲ့အပြုအမူတစ်ခုဖြစ်တဲ့အပြင် သူ့ကိုတရားသူကြီးတွေကစိတ်ပျက်ခဲ့ရတယ်လို့ဆိုပါတယ်။


အသက် ၂၁နှစ်အရွယ်သာရှိသေးပြီး စိတ်ဝေဒနာတစ်ချို့ကိုခံစားနေရတဲ့သူ့ကို ထောင်ထဲမှာ အပြစ်တွေကိုပေးဆပ်ရင်းနောင်တရကာ ကောင်းကောင်းမွန်မွန်နေထိုင်မယ်ဆိုရင် လျော့ရက်တွေရနိုင်ချေရှိနေပေမယ့် အခုပုံစံနဲ့ဆိုရင်တော့ လျော့ရက်ရဖို့မဆိုထားနဲ့ထောင်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုပါ မလေးစားရာရောက်တဲ့အပြင် သူ့ရဲ့လူမှုမှတ်တမ်းမှာပါ မကောင်းတဲ့ မှတ်ချက်တွေရသွားနိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ သူရဲ့ထပ်မံကျူးလွန်တဲ့ပြစ်မှုအတွက် ထောင်ဒဏ်၆လထပ်တိုးမှာဖြစ်တယ်လို့သိရပါတယ်။


Yenin Phawah-AlinnMyay​(အလင်းမြေ)