မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်..ရုတ်တရက် သူနဲ့ လိင်ချက်တင် လုပ်ချင် လာတယ်.

2019-11-12 23:45:49


မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်..ရုတ်တရက် သူနဲ့ လိင်ချက်တင် လုပ်ချင် လာတယ်.

မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်..ရုတ်တရက် သူနဲ့ လိင်ချက်တင် လုပ်ချင် လာတယ်.


ဘာမဟုတ်တဲ့ ကိစ္စ တစ်ခုကြောင့် ကောင်မလေး တစ်ယောက် ကတော့ ဘဝပါ ပြောင်းသွားခဲ့ ပါပြီ


မင်းကောင်မလေးနဲ့ မင်း chatting ထိုင်နေတယ်..ရုတ်တရက် သူနဲ့ လိင်ချက်တင် လုပ်ချင် လာတယ်


မင်း သူ့ဆီက ဖော်ချွတ် ပြထားတဲ့ ဓာတ်ပုံကို တောင်းတယ်။ကောင်မလေးက မပေးဘူး ငြင်းတယ် ။မင်း ဆက်တောင်းတယ် ။ကောင်မလေးက သူ့ကို နားလည်ပေးဖို့ တောင်းဆိုတယ် ။


မင်းကလည်း မင်းကို ယုံဖို့ ပြောပြတယ် ။ကောင်မလေးက ပုံမပြရဲဘူး ထပ်ငြင်းတယ် ။မင်း ဆက်တောင်းသေး တယ် ။ကောင်မလေးက မင်းကို ခဏစောင့် ခိုင်းတယ် ။မင်း ခဏစောင့်နေ လိုက်တယ်။


ဓာတ်ပုံ ရောက်လာ တယ် ။မင်းပျော်သွားတယ်။မင်းဖာသာ အာသာဖြေတယ်။မင်းကိစ္စပြီးတော့ သူ့ဓာတ်ပုံကို ပြန်ကြည့် တယ်။မင်း ရွံသွားတယ်။တန်ဖိုး ထားစရာ မကောင်းတော့ဘူး။ မသတီ တော့ဘူး။


မင်း တစ်ခုခု ဆုံးဖြတ်ချက် ချလိုက်တယ်။ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ် ကို တင်လိုက်တယ်။သူ့ကိုပါ Tag တွဲလိုက် သေးတယ်။ကောင်မလေး တွေ့သွားတယ်။မင်းကို ဖျက်ခိုင်းတယ်။ ငိုယိုပြီး တောင်းပန် ရှာတယ်။


ဒါပေမယ့် မင်း မဖျက်ဘူး။ကောင်မလေးက မင်းဖျက်ပေးရင် ဓာတ်ပုံတွေ ထပ်ပို့ ပါ့မယ်လို့ ပြောတယ်။မင်းက မင်း အကုန် မြင်ပြီးပြီ မို့ မလိုတော့ဘူးလို့ ပြောလိုက်တယ်။လူတွေ တစ်ယောက်ပြီး တစ်ယောက် လာ လက်မထောင် ကြတယ်..Reaction တွေ ပေးကြတယ် ။


တချို့က ကွန်မန့်တွေမှာ အောက်လုံးတွေနဲ့ လာရိုင်းကြတယ်။တချို့က ကာကွယ်ပေးနေ ကြတယ်။တချို့ကတော့ သနားကြတယ်။တချို့ကတော့ ရယ်မော လှောင်ပြောင် ကြတယ်…သူ့ သူငယ်ချင်းတွေပါ ဓာတ်ပုံကို တွေ့သွားကြတယ်။


တချို့ သူငယ်ချင်းတွေ စိတ်ပျက်ကုန် ကြတယ်တချို့က စတင် ပုတ်ခတ်လာ ကြတယ်။တချို့ သူငယ်ချင်းတွေက ကာကွယ်ပေး ကြတယ်။ဒါပေမယ့် တစ်ယောက် အတွက်မှ ထူးမသွားဘူး။


မိမွေးတိုင်း ဖမွေးတိုင်း ပုံဆိုတာ လူတိုင်း မြင်ဖူးပြီးသား။တချို့တွေက ရှယ်ကြတယ်။တချို့တွေက ဆေ့ဗ် လုပ်ထားကြတယ်။တချို့ဆိုရင် ကောင်မလေးရဲ့ အမျိုးတွေကို သွားပြကြတယ်။ကောင်မလေး နောင်တ ရတယ်…ငိုတယ်။


နောက်တစ်နေ့ သူမ ကျောင်းသွားတော့ လူတွေက သူ့ကို မဲ့ရွဲ့ပြတယ်။အတန်းထဲ ဝင်ထိုင်ထိုင်ချင်း ကျောင်းအုပ်က လှမ်းခေါ်တယ်။သူမ ရှင်းပြတယ်။ လက်မခံဘူး။ မိဘ ခေါ်ခံရတယ်။မိဘတွေ လိုက်လာတဲ့ အခါ သူမကို ကျောင်းထုတ် ပစ်လိုက်ကြတယ်။


မိဘတွေက ရှိခိုးပြီး တောင်းပန်တယ်။ကျောင်းအုပ်က ခေါင်းကို ကော့နေအောင် မော့ထားတယ်။သူတို့ သုံးယောက် အိမ်ပြန်သွားကြတယ်။လမ်းမှာ အမေက ဆူပြီး အိမ်မှာ အဖေက ရိုက်တယ်။


ဖုန်းကို သိမ်းတယ်.. သူမ ဘဝ အကုန် ရိုက်ချိုး ခံလိုက်ရတယ်။ကောင်မလေး အိမ်က ထွက်ပြေးတယ်။လမ်းတလျှောက် လူတွေက လက်ညှိုးတွေ ထိုးရယ် ကြတယ်။အတွေးတွေ များလာပြီး နေချင်စိတ်တွေ နည်းလာတယ်။သေချင်စိတ်တွေ ပြင်းလာပြီး သတ်သေဖို့ ဆုံးဖြတ် လိုက်တယ်။


အိမ်ကို ပြန်တယ်။အမေ့ ကုတင်အောက်က ကြွက်သတ်ဆေး ကို ယူတယ်။အခန်းကို ပြန်တယ်။ ပုလင်း အဖုံးကို ဖွင့်တယ်။မြန်မြန် မော့ချပြီး သူမ ကုတင်ပေါ် ပစ်လှဲ လိုက်တယ်။၂ မိနစ် အတွင်း သေဆုံးသွား ခဲ့တယ်။


မိဘတွေက ရိုက်ရတာ အားမရလို့ ထပ်ရိုက်ဖို့ ခေါ်တယ်။သူ ပြန်မထူး ခဲ့ဘူး။စိတ်တွေဆိုးပြီး ထပ်အော် ခေါ်တယ်။ကောင်မလေး အသံထွက် မလာတော့ဘူး။အခန်းထဲထိ ဝင်ရိုက်မယ် လုပ်ပြီး ဝင်သွားကြတယ်။သေနေတဲ့ သမီးရဲ့ အလောင်းကို တွေ့ခဲ့ကြတယ်။


ကြွက်သတ်ဆေး ဝယ်မိတဲ့ အမေက ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။ရိုက်မိတဲ့ အဖေက ကိုယ့်ကိုယ် ကို အပြစ်တင်တယ်။သူတို့ ၂ ယောက် စလုံး အကြီးအကျယ် ငိုကြွေးကြတယ်။သေဆုံးတဲ့ သတင်း ကြားတဲ့အခါ အမျိုးတွေလည်း စိတ်မကောင်း ဖြစ်ကြတယ်။


သူငယ်ချင်း အရင်းတွေလည်း ဝမ်းနည်း ကြတယ်။ငိုယိုကြ ပါတယ်။မင်းလည်း ဒီသတင်းကို ကြားမိတယ်။အချိန်တွေကို အနောက် ပြန်ရစ်ချင် လာတယ်။လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြန်ပြင်ပေးချင် လာတယ်။


အသုဘ ချတဲ့နေ့မှာ လူအားလုံး ငိုကြွေးနေကြတယ်။အသုဘ ပြီးသွားပြီ။ အားလုံး ကိုယ်စီ ပြန်သွားကြပြီ။ကောင်မလေးရဲ့ မိဘတွေ ဘဝ ပြောင်းလဲ သွားကြပြီ။သူ့ သူငယ်ချင်းတွေ ဘဝ ပြောင်းလဲ သွားကြပြီ။မင်းရဲ့ ဘဝ လည်း ပြောင်းလဲ သွားခဲ့ပြီ။


ဘာမဟုတ်တဲ့ ကိစ္စ တစ်ခုကြောင့် ကောင်မလေး တစ်ယောက် ကတော့ ဘဝပါ ပြောင်းသွားခဲ့ ပါပြီ။ဘဝဆိုတာ ဓာတ်လိုက် တတ်တယ်


လူတိုင်းဟာ မင်းကို ရှော့ခ်ရ စေနိုင်တယ်။


kyawnge


Sarcasm မှ ပို့စ်တစ်ခုကို မှီငြမ်း ဖော်ပြသည်