မြန်မာနိုင်ငံသားတွေ (၂)ဦးသေဆုံး (၈) ဦးဒဏ်ရာရ

2019-08-06 11:24:09


မြန်မာနိုင်ငံသားတွေ (၂)ဦးသေဆုံး (၈) ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမြော က်ပိုင်း လမ်းပန်းခရိုင်တွင် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ဗင်ကားတိမ်းမှောက် (၂)ဦးသေဆုံး (၈) ဦးဒဏ်ရာရ


ဒီကနေ့  မနက် လေးနာရီအချိန်က ထိုင်းနိုင်ငံ ကိုက မြို့ အဝေးပြေးလမ်းမ ကီလို ၆၈၁ -၆၈၂ မှာ မြန်မာအလုပ်သမားတွေတင်ဆောင်လာတဲ့ ဗင်ကားလိုင်စဉ်နံပါတ် 30-0690 စမုဆာခွန် ( Smuts Sakorn) အဖြူရောင်ဗင်ကားဟာ လမ်းမဘေးက သစ်ပင်ကို ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။


ယခုတိမ်းမှောက်သွားတဲ့ ဗင်ကားဟာ မဲဆောက်ကနေ မြန်မာနိုင်ငံသားတွေတင်ဆောင်လာတာဖြစ်ပြီး ယခုဖြစ်ရပ်ကြောင်း မြန်မာနိုင်ငံသား နှစ်ဦးသေဆုံး ခဲ့ပြီး ထိုင်းကားသမားအပါအ၀င် (၈) ဦးဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။




ရဲစစ်ဆေးချက်အရ ကားမောင်းသူဟာ အိပ်ငိုက်ပြီး ခုလို လမ်းဘေးထိုးကျသွားခဲ့ရာရ သစ်ပင်ကို ၀င်တိုက်ခဲ့တာလို့  ဆိုပါတယ်။




သေဆုံးတဲ့သူမြန်မာနိုင်ငံသားနှစ်ဦးကတော့


(၁) မျိုးနိုင် ၄၄နှစ်


(၂) မင်းဝေ အသက် ၄၉ နှစ် ဖြစ်တယ်လို့  ထိုင်းအသံထွက်နဲ့  ကြေငြာသွားတဲ့  TV သတင်းမှာဖေါ်ပြသွားပါတယ်။


ဒဏ်ရာရသူတွေကတော့ ထိုင်းကားမောင်းသူ နိုင်ဖိစနို့  စစ်စုန်ငန် အသက် ၃၆ နှစ်အပါအ၀င် မြန်မာရှစ်ဦးဖြစ်ပါတယ်။


(၁)အာင်သူ (၃၂ )နှစ်


(၂)အောင်မျိုး( ၃၆)နှစ်


(၃)ဇော်ဝင်းနိုင် (၃၃)နှစ်


(၅)အောင်ထွန်း (၄ ၁)နှစ်




(၆)အောင်သက် ( ၁၉)နှစ်


(၇)အောင်ဝင်းဦး (၃၉)နှစ်


(၈) မဌေးဌေး(၃၂ )နှစ်


ဗင်ကားတွင်းမှာလိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မဲဆောက်ကနေ တာချီလိတ်မြို့  ကို ပြန်သွားကြတာလို့ လည်း ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြထားပါတယ်။


SAW