တို့ဆေးသမားတွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ သာကေတသား ဇိုးကြီးတသိုက် (ရုပ်သံ)

2019-11-13 21:16:23


တို့ဆေးသမားတွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ သာကေတသား ဇိုးကြီးတသိုက် (ရုပ်သံ)

တို့ဆေးသမားတွေကို ဒဲ့စိန်ခေါ်လိုက်တဲ့ သာကေတသား ဇိုးကြီးတသိုက် (ရုပ်သံ)


ပြီးခဲ့တဲ့ လပိုင်းတုန်းက သာကေတကျောက်တိုင် ဘတ်စ်ကားဂိတ်မှာ အပြစ်မဲ့ မိဘပြည်သူတွေကို ဖဲ ၃ ချပ်နဲ့ တို့ဆေး လူလိမ်တွေက လိမ်လည်လှည့်ဖြားမှု ပြုလုပ်တဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။


အဲဒီ သာကေတကျောက်တိုင် ဘတ်စ်ကားဂိတ်မှာ ရိုးရိုးသားသား ပြည်သူတွေကို ဖဲ ၃ ချပ်လောင်းကစား ပုံစံနဲ့ လိမ်သလို အမျိုးသမီးတွေကိုလည်း တို့ဆေးနဲ့ လိမ်နေကြတာ နှစ်အတော်ကြာပါပြီ။


လိုင်းပေါ် ခဏခဏ တက်လာပေမယ့် တာဝန်ရှိသူတွေက လိုင်းပဲ မသုံးတာလား၊ မသိချင်ယောင်ဆောင်တာလားတော့ မသိပါဘူး။ အဲဒီနေရာကို ရှင်းလင်း လုပ်တယ်လို့ တခါမှ မကြားမိခဲ့ပါဘူး။


အလိမ်ခံရတဲ့သူတွေ များသထက် များလာတဲ့အခါ၊ တာဝန်ရှိသူတွေက မစောင့်ရှောက်ပေးနိုင်တဲ့ အခါမှာတော့ သာကေတသားတွေဟာ ကိုယ့်မြို့နယ်ကို ကိုယ့်ဖာသာ စောင့်ရှောက်ရတဲ့ အခြေအနေကို ရောက်ရှိလာပါတော့တယ်။


ဗီဒီယိုဖိုင်ထဲမှာ ပါတဲ့ လူတွေဟာ သာကေတသား စစ်စစ်တွေပါ။ သူတို့ဟာ အီတလီမှာ မာဖီးယား၊ ဂျပန်မှာ ယာကူဇာ၊ မြန်မာမှာ ဇိုး ဆိုတဲ့ စကားအတိုင်း မြန်မာပြည်က ဇိုးကြီးတွေ ဝတ်တဲ့ ဝတ်စားပုံအတိုင်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။


သူတို့ဟာ ရိုက်ရဲ၊ သတ်ရဲ၊ မိုက်ရဲ ကြပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မယုတ်မာကြပါဘူး။ အခုလည်း တာဝန်ရှိသူတွေက ရှေ့မထွက်လာတဲ့ အခါ သူတို့ကိုယ်တိုင် ရှေ့ထွက်လာပါပြီ။


တရားဥပဒေက အကာအကွယ် မပေးတဲ့အခါ ပြည်သူကို ပြည်သူအချင်းချင်းကပဲ ကာကွယ်စောင့်ရှောက် သွားတော့မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖဲ ၃ ချပ် တို့ဆေး လူလိမ် အဖွဲနဲ့ သာကေတ ဇိုးကြီးတို့ အဖွဲ့ရဲ့ ပွဲကတော့ ကြည့်ကောင်းလာတော့မှာ ဖြစ်ပါတယ်။


ဗီဒီယိုဖိုင်ကို အောက်မှာ ဖော်ပြလိုက်ပါတယ် ခင်ဗျာ



ခရက်ဒစ် – Lu Zaw Soe Win