မိဘတွေကသားသမီးတွေအသက်ကြီးတာတောင်စိတ်ပူတတ်ကြပါတယ်

2019-11-13 21:19:22


မိဘတွေကသားသမီးတွေအသက်ကြီးတာတောင်စိတ်ပူတတ်ကြပါတယ်

မိဘတွေကသားသမီးတွေအသက်ကြီးတာတောင်စိတ်ပူတတ်ကြပါတယ်


သားသမီးတွေ အသက်ကြီးသည့်တိုင်အောင် အိပ်မပျော်တဲ့အထိ စိတ်ပူတတ်ကြတဲ့မိဘများ


မိတွေကတော့ သားသမီးတွေနဲ့ပတ်သက်လာရင် ချစ်စိတ်ကြောင့် အကဲပိုတတ်တာ အားလုံးအသိပါပဲ။ သူတို့သားသမီးတွေ ဘယ်လောက်ပဲ အသက်ကြီးသွားကြီးသွား၊ သူတို့ရဲ့စိတ်ထဲမှာတော့ ကလေးလေးတွေလို့သာ မြင်တတ်ကြပါသေးတယ်။ ဒါကတော့ မိဘတိုင်းလိုလိုပါပဲ။ လေ့လာမှုတစ်ခုအရတော့ အသက်အရွယ်အိုမင်းနေတဲ့ မိဘတွေဟာ အရွယ်ရောက်ပြီးသား သားသမီးတွေကို အိပ်ရေးပျက်တဲ့အထိ စိတ်ပူနေတတ်ကြတုန်းပါပဲတဲ့။Uplifting Today မှာ ဖော်ပြထားချက်ကို ပြန်လည်ကိုးကားပြီး မျှဝေပေးလိုက်ပါတယ်နော်


နယူးယောက်၊ Penn State က အသက်ကြီးပိုင်းများရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စတွေကို တာဝန်ယူလေ့ရှိတဲ့ ထိပ်တန်းပညာရှင် Amber J. Seidl ကနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သိပ္ပံနည်းစနစ်အရ မှန်ကန်တယ်ဆိုတာ ပြောခဲ့တာပါ။ အသက်အရွယ်အိုမင်းနေတဲ့ မိဘတွေဟာ သူတို့ရဲ့လူကြီးအရွယ်သားသမီးတွေကို စိတ်ပူတတ်ကြတဲ့ပူပန်မှုမျိုးဟာ သားသမီးတွေ ငယ်စဉ်ကလေးဘဝတုန်းက ပူပန်ခဲ့ရတဲ့ ပူပန်မှုမျိုးနဲ့ အတူတူပါပဲတဲ့။ စိတ်ဖိဆီးမှုရှိတာချင်းလည်း တူညီနေတတ်ပေမယ့်လို့ အသက်ကြီးလာတာနဲ့အမျှ မိဘတွေဖို့ကတော့ တူညီတဲ့စိတ်ဖိဆီးမှုမျိုးကို အရင်ကလောက်မခံနိုင်တော့ကြတာတစ်ခုကတော့ စိုးရိမ်ရစရာပါပဲ။ အဲဒီလိုစိတ်ဖိဆီးမှုကနေပဲ အိုမင်းနေတဲ့မိဘတွေကို ညဖက်အိပ်မပျော်နိုင်စေတာမျိုးတွေ ဖြစ်ပေါ်လာတတ်တာပါ


ဒီ အ ချက် ကို အ တည် ပြု ဖို့ အ တွက် အ ရင်ဆုံး လုပ် ခဲ့ ရတာ က တော့ စစ် တမ်း ကောက် ခြင်း ပါ ပဲ။ ဒီ စစ် တမ်း ကောက်ယူ မှု မှာ တော့ လက် ထပ် ပြီး သား၊ က လေး ရှိ နေတဲ့ သက် ကြီး စုံ တွဲ ၁၈၆ တွဲကို စစ် တမ်း ကောက် ခဲ့ ပါ တယ် စုံ တွဲ တွေ ရဲ့ အ မျိုး သား အ သက် ပျမ်း မျှ က တော့ ၅၈ နှစ်ရှိ နေ ပြီး အ မျိုး သမီး တွေ ရဲ့ပျမ်း မျှ အ သက် က တော့ ၅၇ နှစ် ပါ။ အဲ ဒီ ၁၈၆ တွဲ လုံး ဟာ အ ရွယ် ရောက် ပြီး သား ၃၀ နဲ့ ၃၀ ကျော် အ ရွယ် သား သ မီး တွေကို အ ခု အ ချိန် အ ထိ စိုး ရိမ် သော က ရောက် ပူ ပန် နေ ရတုန်း ပဲ လို့ ရှာ တွေ့ ခဲ့ ပါ တယ်ဒါ ကြေင့် Amber J Seidl ရဲ့ အ ကြံ ပေး ချက် က တော့ မိဘ တွေ အ နေ နဲ့ သူ့ဘ ဝ နဲ့ သူ အ ခြေ တ ကျ ဖြစ် နေ တဲ့ သား သ မီး တွေ ကို ကျန်း မာရေး ထိ ခိုက် သည် အ ထိ မ လိုအပ် ဘဲ စိတ် ပူ ပန်မှု တွေ မရှိ အောင် နေ ကြ ပါ တဲ့။


credit-shwemom