ကျွန်မ မောင်လေး သေပါပြီ၊ ထိတ်လန့်ကာအော်ပြီး သွေးအိုင်ထဲက လူကိုကြည့်လိုက်သောအခါ

2019-08-06 12:52:18


ကျွန်မ မောင်လေး သေပါပြီ၊ ထိတ်လန့်ကာအော်ပြီး သွေးအိုင်ထဲက လူကိုကြည့်လိုက်သောအခါ

ကျွန်မမောင်လေး သေပါပြီ၊ ထိတ်လန့်ကာ အော်မှ လူသတ်ခံရခြင်းသိ။  ။ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ရွှေဂန္ဓမာ (၅)လမ်းရှိ အသက် ၃၅နှစ် အရွယ် အမျိုးသားတစ်ဦး ယင်းနေထိုင်ရာ အဆောင်၌ ဩဂုတ် ၄ရက်နေ့ နေခင်းပိုင်း သတ်ခံရမှု ဖြစ်ပွားကြောင်း သိရသည်။


မန္တလေးမှ လာရောက်သော ဧည့်သည့်မှ မောင်ဖြစ်သူ မျိုးမင်းဌေး အဆောင်တံခါးကို ဖွင့်ကြည့်လိုက်စဉ်တွင် သွေးအိုင်ထဲ၌ လဲကျနေသောအမျိုးသားကိုတွေ့ရှိသဖြင့် ကျွန်မမောင်လေးသေပါပြီ ဟူ၍ထိတ်လန့်ကာ တာဝန်ရှိလူကြီးများထံ သတင်းပေးပို့ခဲ့ပြီး၊ သေချာ ကြည့်ရှုမှ မောင်ဖြစ်သူ မဟုတ်မှန်ကြောင်း သိရခြင်းဟု ဆိုသည်။


သေဆုံးတွင် အလုပ်လာလုပ်သူ အမျိုးသားတစ်ဦး ဖြစ်ပြီး အခင်းဖြစ်ပွားရာ အဆောင်၌ ငှားရမ်းနေထိုင်တာ တပတ်ခန့် ရှိသေး၍ သူ့နေရပ်လိပ်စာ နဲ့ အမည်ကို စုံးစမ်းနေဆဲဟု ရဲတပ်ဖွဲ့က ဆိုသည်။


ယာဘက်ရင်အုံအောက် နှင့် ရင်ညွှန့်အနီး တို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သွေးအိုင်အတွင်း ပက်လက်လန်လဲကျ၍ သေဆုံးနေပြီး အလောင်းအနီး၌ အရိုးအသွား(၈)လက်မရှိ ထက်ပိုင်းကျိုးဓားတစ်ချောင်း ကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။


စုံစမ်းစစ်ဆေးနေဆဲပါ၊ ဘာဖြစ်လို့လဲဆိုတော့ သေဆုံးသူကတော့ အခင်းဖြစ်အဆောင်မှာနေတာ မကြာသေးဘူး။ အဆောင်ပိုင်ရှင်ကိုယ်တိုင်တောင် သေဆုံးသူကို မသိဘူးဆိုတဲ့အတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဘက်ကလည်း စုံစမ်းနေဆဲပေါ့။ သေဆုံးသူနဲ့ အတူနေတဲ့ သူတွေကျတော့ တိမ်းရှောင်နေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ကလည်း စစ်ဆေးဆဲလို့ပြောရတာပါ။ အခင်းဖြစ်တာကလည်းမကြာသေးဘူးလေ။ ပြီးရင် ကျွန်တော်တို့သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု လှိုင်သာယာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက RND သတင်း အေဂျင်စီသို့ ပြောသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံး၏ နေရပ်လိပ်စာ၊ အမည် နှင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး၊ လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၄၄၉၀/၂၀၁၉၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။


သာခိုင်(မုနိမြီ)