သမီးငယ်လေးရဲ့အသက်ကိုကယ်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ တရားရင်ဆိုင်နေရတဲ့ ဖြစ်ရပ်

2019-08-06 12:54:12


သမီးငယ်လေးရဲ့အသက်ကိုကယ်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ တရားရင်ဆိုင်နေရတဲ့ ဖြစ်ရပ်

သမီးငယ်လေးကို နိုင်ငံရဲ့ပြင်ပ(အခြားနိုင်ငံတစ်ခု)မှာ ဆေးကုသပြီးအသက်ကယ်ဆယ်ခွင့်ရနိုင်ဖို့အတွက် NHS(National Health Service) လို့ခေါ်တဲ့ နိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ မိဘနှစ်ပါးကတရားရင်ဆိုင်နေရတာပါ။


သူတို့ရဲ့အသက် ၅နှစ်အရွယ်သမီးငယ်လေးမှာ ဦးနှောက်သွေးကြောပေါက်ထွက်တဲ့ရောဂါကို ခံစားနေရပြီး နိုင်ငံတွင်းမှာ ကုသပေးနေတဲ့ဆရာဝန်တွေက ကလေးငယ်ဟာ ဘယ်တော့မှ ပြန်လည်ပြီး ကျန်းမာရေးကောင်းလာတော့မှာ သက်သာတော့မှာမဟုတ်ဘူးလို့ကောက်ချက်ချလိုက်တာပါ။




ဒါပေမယ့် အီတလီနိုင်ငံမှာရှိတဲ့ဆေးရုံတစ်ခုက အဲ့ဒီကလေးငယ်လေးကိုကုသပေးနိုင်ကြောင်းပြောခဲ့တဲ့အတွက် ကလေးငယ်ရဲ့မိခင်ဟာ ကလေးငယ်လေးကို အဲ့ဒီအီတလီနိုင်ငံကဆေးရုံကိုပြောင်းရွှေ့ခွင့်ရပြီး နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြန်မကောင်းနိုင်တော့ဘူးဆိုတဲ့စကားကြားရုံနဲ့တော့ သမီးလေးကိုဆုံးပါးသွားတဲ့အထိဒီအတိုင်းကြည့်နေပြီး ဘာမှမလုပ်လို့မရဘူးလေလို့ မိဘတွေကရင်ဖွင့်ခဲ့တာပါ။




သူတို့ဟာအဲ့ဒီကုသမှုအတွက်လည်း ပေါင် ၃သိန်းလောက်ရှာဖွေရဦးမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့တရားရင်ဆိုင်ရာမှာလည်း ငွေကြေးကုန်ကျဦးမှာဖြစ်ပါတယ်။ မိဘဖြစ်သူတွေက အီတလီဆေးရုံကနေ ကုသလို့ရနိုင်ပါတယ်လို့ပြောခဲ့တဲ့အတွက် မျှော်လင့်ချက်ကလေးနည်းနည်းရခဲ့ပေမယ့် လက်ရှိတက်ရောက်နေတဲ့ ဆေးရုံကနေ မပြောင်းရွှေ့ရဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် မျှော်လင့်ချက်တွေကိုရိုက်ချိုးခံလိုက်ရသလိုပဲ ခံစားရတယ်လို့ပြောပြခဲ့ပါတယ်။ ဒီလိုမျိုးအမှုအခင်းတွေဖြစ်ပြီး အချိန်ကြန့်ကြာနေတာဟာ သမီးလေးရဲ့ ရောဂါအခြေအနေကိုပိုပြီး ဆိုးရွားစေမှာကိုမိဘနှစ်ပါးကစိတ်ပူနေကြပါတယ်။




NHS ဘက်ကလည်း ဒီအခြေအနေကဘယ်လောက်တောင် ၀မ်းနည်းစရာကောင်းမလဲဆိုတာကိုနားလည်ပေးမယ့် ပညာရှင်တွေရဲ့သုံးသပ်ချက်တွေနဲ့ တကယ်ကိုပြန်မကောင်းလာနိုင်တော့တဲ့ ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံပြောင်းရွှေ့ခွင့်မပေးတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။


ကလေးငယ်ရဲ့မိဘတွေကတော့ ရတဲ့ကောက်ရိုးတမျှင်ပဲဖြစ်ဖြစ် ကလေးငယ်ရဲ့အသက်ကိုသာကယ်နိုင်မယ်ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ရှိတယ်လို့ပြောခဲ့ပါတယ်။


Yenin​ Phawah​-ApannPyay