ရုရှားနိုင်ငံမှာ ဗုဒ္ဓသာသနာ့သမိုင်း မော်ကွန်းသစ်စိုက်ထူလိုက်ပါပြီ

2019-08-06 13:39:21


ရုရှားနိုင်ငံမှာ ဗုဒ္ဓသာသနာ့သမိုင်း မော်ကွန်းသစ်စိုက်ထူလိုက်ပါပြီ

မြန်မာနိုင်ငံသားတွေရဲ့ အထွဋ်အမြတ်ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓသာသနာကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပဲ ထွန်းကားအောင် မော်ကွန်းသစ်ကို ရုရှားနိုင်ငံမှာ စိုက်ထူလိုက်နိုင်ပြီပဲဖြစ်ပါတယ်။




သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ပုံစံတူစေတီတော် တည်ဆောက်ရေးအတွက် ယခင်နှစ်ကတည်းက ကြိုးပမ်းနေခဲ့တာပဲဖြစ်ပါတယ်။




ဘာသာမဲ့တွေများပြားတဲ့ ရုရှားနိုင်ငံမှာ ဦးစွာ မြန်မာဘုန်းကြီးကျောင်း တည်ဆောက်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စေတီတော် တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။




အဆိုပါစေတီတော်ကို ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်တွင် တည်ထားကိုးကွယ်မည်ဖြစ်ပြီး လာမယ့် ဒီဇင်ဘာလတွင် ဖွင့်လှစ်ဖို့အတွက် လျာထားဆောင်ရွက်လျက်ရှိပါတယ်။




ရုရှားနိုင်ငံတွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ (ပုံတူ) စေတီတော်၏ အမာခံအလှူရှင်မှာ ဦးအောင်ကိုဝင်း+ဒေါ်နန်းသန်းထွေး မိသားစုဖြစ်ပြီး ရုရှားရောက် တပ်မတော်သားများ၊ မြန်မာနိုင်ငံ အရပ်ရပ်မှပြည်သူများက ထည့်ဝင်လှူဒါန်းထားပါတယ်။


ဗုဒ္ဓသာသနာရဲ့ မော်ကွန်းသစ်အဖြစ်စိုက်ထူရာတွင် ဦးစီးဦးဆောင် ပြုလုပ်နေသည့် သီတဂူဆရာတော်ဘုရားကြီးလည်း အသက်ရှည်ပါစေလို့ ဆုတောင်းမိပါတယ်။


Writer – SHN (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Source : သီတဂူဆရာတော်နှင့်သီတဂူသတင်းမျာ