ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးခဲ့တဲ့ ဆေးရုံက ဓာတ်ခွဲခန်းရလာဒ်အဖြေကို သူမရဲ့ မိုင်ဒေးမှာ ပွင့်ပွင့်လင်းလင်းပဲ တင်ပေးလာတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်…


ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးခဲ့တဲ့ ဆေးရုံက ဓာတ်ခွဲခန်းရလာဒ်အဖြေကို သူမရဲ့ မိုင်ဒေးမှာ ပွင့်ပွင့်လင်းလင်းပဲ တင်ပေးလာတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်…

သရုပ်ဆောင် မင်းသားချောလေး ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်ကတော့ ကိုဗစ်ကာလမှာ ကိတ်မုန့်နဲ့စားသောက်ကုန်မျိုးစုံကို ချက်ရောင်းရင်း စီးပွားရေးလုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု တိုးချဲ့ လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။


မိန်းမသားဖြစ်ပေမယ့်လည်း စီးပွားရှာတဲ့နေရာမှာပါ ထက်မြတ်လွန်းတဲ့ ဇင်သဲနိုင်ကိုတော့ အမျိုးသမီးတော်တော်များများက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပိုင်ဇေရဲထွန်းကလည်း ချစ်ဇနီးလေးလိုအပ်တာ မှန်သမျှကို ကူညီလုပ်ကိုင်ပေးနေတာလည်း ဖြစ်ပါတယ်။


သူမဟာ မုန့်လုပ်ငန်းကို လုပ်ကိုင်တာ မကြာသေးပေမယ့်လည်း အချိန်တိုအတွင်း လူအများကြား ရေပန်းစားလာအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိလွန်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေအပေါ်မှာလည်း မိခင်တာဝန်ကျေပွန်လွန်းတာကြောင့် အားလုံးကလည်း သဘောကျနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမတို့မိသားစုရဲ့ လှုပ်ရှားမှုတွေတိုင်းကို အမြဲစောင့်ကြည့် အားပေးနေကြတာလည်း ဖြစ်ပါတယ်။


မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဇင်သဲနိုင်ရဲ့ Facebook Story မှာ ပုံလေးတစ်ပုံတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုဗစ်ရောဂါပိုးရှိ၊မရှိကိုဆေးရုံတွင်စနစ်တကျစစ်ဆေးခဲ့ပြီး ထွက်ရှိလာတဲ့ရလာဒ်အဖြေကိုပြသလိုက်တာပဲ ဖြစ်ပါတယ်။



သူမရဲ့ ရလာဒ်အဖြေကတော့ Negative(ပိုးမရှိ) ပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။


MM Load