မန္တလေးမှ ဆိုင်ကယ်အလုခံရရင်း အသတ်ခံခဲ့ရတဲ့ သူ လူငယ်လေးတစ်ဦးရဲ့ အဖြစ်

2019-08-06 13:41:31


မန္တလေးမှ ဆိုင်ကယ်အလုခံရရင်း အသတ်ခံခဲ့ရတဲ့ သူ လူငယ်လေးတစ်ဦးရဲ့ အဖြစ်

မန္တလေးမှ ဆိုင်ကယ်အလုခံရရင်း အသတ်ခံခဲ့ရသူ လူငယ်လေးတစ်ဦးရဲ့ အဖြစ်


မင်းကွန်းကျေးရွာရွှေကျွန်းပင်နတ်ပွဲမှမန္တလေးသို့ဆိုင်ကယ်ဖြင့်ပြန်သူ(၂)ဦးကိုလူ(၆)ဦး ကဝိုင်းရိုက်ရာတစ်ဦးသေဆုံး


မန္တလေးမြို့နေသူငယ်ချင်း(၂)ဦးစစ်ကိုင်းမြို့နယ်မင်းကွန်းကျေးရွာရွှေကျွန်းပင်နတ်ပွဲမှမန္တလေးသို့ဆိုင်ကယ်နှင့်အပြန်ဆိုင်ကယ်(၂)စီးဖြင့်လူ(၆)ဦးအုပ်စုကဝိုင်းဝန်းရိုက်နှက်ဓားဖြင့်ထိုး၍တစ်ဦးသေဆုံး ကြောင်း သိရသည်။




သြဂုတ်လ(၄)ရက်(၀၀၄၅)နာရီကဖြစ်ပွားခြင်းဖြစ်ပြီး နတ်ပွဲမှမန္တလေးအပြန် အာလောင်ကျေးရွာအနီးစစ်ကိုင်း-မင်းကွန်းသွားကားလမ်းဘေးဗန်ဒါပင်အောက်နားနေစဉ်လူ(၆)ဦးကဘာမပြောဆိုခြင်းမရှိဘဲဓားဖြင့်ထိုးတုတ်ဖြင့်ဝိုင်းရိုက်ရာတစ်ဦးမှာထွက်ပြေးခဲ့ရကြောင်း သိရသည်။




ထွက်ပြေးသူသည်ခဏအကြာသူငယ်ချင်းဖြစ်သူကိုလာကြည့်ရာလမ်းဘေးတွင်ဝမ်းဗိုက်ထိုးသွင်းဒါဏ်ရာဖြင့်ပက်လက်လဲကျနေရာ ပါတ်ဝန်းကျင်ကိုအကူအညီတောင်းစစ်ကိုင်းမြို့ပြည်သူ့ဆေးရုံပို့ဆောင်ပြီးစုံစမ်းဖော်ထုတ်အရေးယူပေးရန်စစ်ကိုင်းမြို့မရဲစခန်းသို့တိုင်ကြားခဲ့ကြောင်းသိရသည်။


စစ်ကိုင်းမြို့မရဲစခန်း(ပ)၉၆၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၁၁၄အရအမှုရေးဖွင့်စစ်ဆေးဆောင်ရွက်နေစဉ်ဒါဏ်ရာ၍ဆေးကုခံနေ သူ မြတ်နိုးမောင်မှာသြဂုတ်လ(၄)နံနက်(၉နာရီ၄၅)မိနစ်တွင်သေဆုံးသွားသည့်အတွက်




အမှုကြီးအမှတ်စဉ်(၅/၂၀၁၉)ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅/၁၁၄သို့ပြောင်းလဲရေးဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။


Credit to လှိုင်ကို / weeklyheadline