သေနေ့မစေ့သေးသောနေ့ (သို့မဟုတ်) သေကံမပါသေးသော …ည

2019-08-06 13:42:20


သေနေ့မစေ့သေးသောနေ့ (သို့မဟုတ်) သေကံမပါသေးသော …ည

စာဖတ်သူတို့အတွက် စေတနာနဲ့ တင်ပေးလိုက်ပီနော် …


သေနေ့မစေ့သေးသောနေ့ (သို့မဟုတ်)သေကံမပါသေးသော ည


အိမ်ကိုညနေခြောက်နာရီခွဲလောက်မှ ပြန်ရောက်တော့ အမျိုးသားက ညစာစားဖို့ ဟင်းနွှေး ဘာညာ သူပြင်လိုက်မယ်ဆိုပီး အောက်ထပ်မှာ ပြင်ဆင်နေခဲ့တယ်….


ကျမတို့ အိမ်က အပေါ်ထပ်နဲ့ အောက်ထပ် အတော်လေးအော်ပြောမှ ကြားနိုင်တာပါ….သမီးလေးနဲ့ ကျမ အိမ်အပေါ်တက်လာခဲ့ပီး….


ကျမလုပ်စရာလေးရှိလို့ သမီးလေးကို တီဗီ ဖွင့်ပေးပီး….လုပ်စရာရှိတာလေးလုပ်နေခဲ့ပါတယ်…


သမီးလေးကတော့ အိပ်ရာပေါ်မှာ ဆော့ရင်းကစားရင်း သူစိတ်ဝင်စားတဲ့သီချင်းလေးတွေလာရင် တီဗီငေးရင်းပေါ့….