သတင်းကောင်းပါ။ ဗုဒ္ဓဂါယာကို ဗီဇာမလိုဘဲ နယ်စပ်ကနေ လွယ်ကူစွာသွားလာနိုင်တော့မယ့်

2019-08-06 13:43:47


သတင်းကောင်းပါ။ ဗုဒ္ဓဂါယာကို ဗီဇာမလိုဘဲ နယ်စပ်ကနေ လွယ်ကူစွာသွားလာနိုင်တော့မယ့်

ဗုဒ္ဓဂါယာကို ဗီဇာမလိုဘဲ နယ်စပ်ကနေ လွယ်ကူစွာသွားလာနိုင်တော့မယ့်


အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ သို့ တမူးနယ်စပ်ဂိတ်မှ ဗီဇာယူ၍ မကြာမီ သွားလာနိုင်မည် ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။ ထိုသို့သွားနိုင်ပါက ကျပ်ငါး သိန်းမှ ခြောက်သိန်းကြားသာ ကုန်ကျမည်ဖြစ်ပြီး လက်ရှိ လေ ကြောင်းခရီးမှ သွားပါက ကျပ် ခုနစ်သိန်းအနည်းဆုံးကုန်ကျမည် ဟု ဝန်ကြီးချုပ်က ပြောသည်။


‘‘တမူးကနေ ဗီဇာနဲ့ ဗုဒ္ဓဂ ယာသွားဖို့ ကြံစည်ထားပါတယ်။ ရှေးဦးအဖွဲ့တစ်ဖွဲ့ကို လွှတ်ပြီး လေ့လာခိုင်းထားပါတယ်။ ဒီလို သွားနိုင်ရင် ဈေးသက်သက်သာ သာနဲ့ ဖြစ်သွားနိုင်မယ်’’ဟု ဒေါက် တာမြင့်နိုင်က ပြောသည်။ဇန်နဝါရီ ၂၉ ရက်က နေပြည် တော်တွင် ပြုလုပ်သည့် Invest Myanmar Summit 2019 အခမ်း အနား၌ မီဒီယာအချို့နှင့်တွေ့ဆုံ စဉ် ပြောကြားပါသည်။




ထို့ပြင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တမူးမြို့နယ်စပ်ဂိတ်မှ ၁၄ ရက်ကြာ ဗီဇာမလိုဘဲ မကြာမီ သွားနိုင်ရန် စီစဉ်ထားပြီး နယ်စပ်မှ ၁၃ ကီလိုမီတာ (၁၀ မိုင်) အထိ သွားလာနိုင်မည်ဟု ဒေါက်တာမြင့်နိုင်က ပြောပါတယ်။


‘‘ကျွန်တော်တို့ဘက်က နယ် စပ်ဖြတ်ကျော်ခွင့်လက်မှတ်ရနေ ပါပြီ။ အိန္ဒိယဘက်က အသင့်မ ဖြစ်သေးပါဘူးဆိုပါတယ်။ အဲဒီ ဖြတ်ကျော်ခွင့်ရရင် နယ်စပ်က ၁၃ ကီလိုမီတာကို ၁၃ ညအိပ်၊ ၁၄ ရက်ခရီးသွားနိုင်ပါပြီ’’ဟု ဝန်ကြီးချုပ်က ပြောသည်။အိန္ဒိယနိုင်ငံ မဏိပူရသည် မြန်မာနိုင်ငံမှ ပို့ကုန်များကိုသာ အဓိကမှီခိုနေ၍ လမ်းပန်းဆက် သွယ်ရေး အဓိကကောင်းမွန် အောင် ဆောင်ရွက်ရန် အိန္ဒိယနှင့် သဘောတူထားသည်ဟု ၎င်းက ဆိုပါသည်။




အိန္ဒိယနိုင်ငံက အင်ဖာမြို့နှင့် မိုရေးမြို့သွားလာသည့် လေးလမ်း သွားလမ်းမကို ၂၀၂၀ အပြီး တည် ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်ကလည်း မုံရွာ-ကလေးဝလမ်းကို ၂၀၂၀ အတွင်း အပြီးခင်းရန် သဘောတူထားသည်ဟု ဆိုသည်။


မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ နှင့် နယ်စပ်ဂိတ်သုံးခုကို တရားဝင်ဖွင့်လှစ်ထားပြီး ယင်းတို့သည် တမူး၊ ရိဒ်ခေါဒါနှင့် ထန်တလန်တို့ ဖြစ်သည်။ဗုဒ္ဓဂယာဘုရားဖူးခရီးသွားပို့ဆောင်ရေးကော်မတီ၏ စာရင်းများအရ ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံမှ နှစ်စဉ် ပျမ်းမျှလူဦးရေ ၃၀,၀၀၀ သွားရောက်နေပြီး ပို့ဆောင်ပေးနေသည့် ကုမ္ပဏီ ၁၅၀ ခန့်ရှိသည်။




ခရက်ဒစ် 7 Day