ဆိုးလ်မြို့တော်ဝန်ကြီး အပြေးရောက်လာပြီးဦးညွတ်အလေးပြု တဲ့ ကိုဇွဲလင်းမောင်ရဲ့ နောက်ဆုံးခရီး

2019-08-06 13:49:33


ဆိုးလ်မြို့တော်ဝန်ကြီး အပြေးရောက်လာပြီးဦးညွတ်အလေးပြု တဲ့ ကိုဇွဲလင်းမောင်ရဲ့ နောက်ဆုံးခရီး

ဆိုးလ်မြို့တော်ဝန်ကြီး အပြေးရောက်လာပြီးဦးညွတ်အလေးပြု တဲ့ ကိုဇွဲလင်းမောင်ရဲ့ နောက်ဆုံးခရီး


ကိုးရီးယားနိုင်ငံတွင်မြေအောက်ဥမင်လှိုဏ်ခေါင်းအတွင်းရေစီးလမ်းကြောင်းပြင်ဆင်ခြင်းလုပ်ငန်းတွင်မတော်တဆသေဆုံးသွားသောမြန်မာအလုပ်သမား၏ဆုတောင်းစင်ရှေ့တွင် ဆိုးလ်မြို့တော်ဝန်လာရောက်ဂါဝရပြုတောင်းပန်စကားဆိုပြီး




မြန်မာနိုင်ငံသို့လေယာဉ်ဖြင့်ရုပ်ကလာပ်အားပြန်လည်ပို့ဆောင်ပေးမည်ဟုသိရ ..


ယမန်နေ့မနက်ကစပြီး စီစဉ်ဖွင့်လှစ်လိုက်တဲ့ကွယ်လွန်သူကိုဇွဲလင်းမောင်ရဲ့ ဆုတောင်းစင်ရှေ့မှောက်…


ဆိုးလ်မြို့တော်ဝန်ကြီး အပြေးရောက်လာပြီးဦးညွတ်အလေးပြုကာ


တောင်းပန်စကား…


ဝမ်းနည်းစကား…




နောင်ဒီလိုအဖြစ်မျိုး မဖြစ်အောင်ကြိုးစားပါ့မယ်ဆိုသော ကတိများထပ်ခါတစ်လဲလဲ ပေးသွားတယ်။


အခင်းဖြစ်ပွားရာဒေသဖြစ်တဲ့ယန်ချွန်းမြို့နယ်ရဲ့ မြို့နယ်မှူးကလည်းကိုဇွဲလင်းမောင် ဆုတောင်းစင်ရှေ့ဦးဆုံးရောက်လာကာ


တောင်းပန်စကား…


ဝမ်းနည်းစကား…


လုံခြုံသော ဘေးကင်းသောမြို့တော်ကို တည်ဆောက်သွားပါမယ်ဟုကတိတွေ ပေးသွားပြန်တယ်။


ကွယ်လွန်သူကိုရီးယားလုပ်သားရဲ့ဖခင်ကလည်း ဈာပနလာကြတဲ့မြန်မာလုပ်သားများကိုခါးညွတ်အလေးပြုကာ ဇွဲလင်းမောင် ကို မကာကွယ်ပေးနိုင်လို့သူ့ကိုခွင့်လွှတ်ပေးပါဟုဝမ်းနည်းစကားဆိုပြန်တယ်။


နေပါဦးဗျာ..မေးပါရစေဦး..


ခင်ဗျားတို့တွေ ဘာလို့များကျနော်တို့တွေကို တန်ဘိုးထားပြီးတောင်းပန်စကား အခါခါပြောနေကြတာလဲ


ဝမ်းနည်းစကား အလီလီပြောနေကြရတာလဲ




နောင်မဖြစ်စေရပါဘူးဆိုတဲ့ ကတိတွေကိုအဖန်ဖန်ပေးနေကြတာလဲ…


ဒီလို တာဝန်သိမှု နွေးထွေးမှု


တန်ဘိုးထားမှု


အလေးပေးဂရုစိုက်မှုတွေ


ကျနော်တို့တွေ မခံစားခဲ့ရဖူးလို့ပါဗျာ…


Credit to Moe Thu Soe