မွေးကင်းစကလေးကို အဆိပ်ခပ်သတ်ပြီး၊ နောက်ဘေးအမှိုက်ပုံထဲ ပစ်ချခဲ့တဲ့မိခင်

2019-08-06 16:08:34


မွေးကင်းစကလေးကို အဆိပ်ခပ်သတ်ပြီး၊ နောက်ဘေးအမှိုက်ပုံထဲ ပစ်ချခဲ့တဲ့မိခင်

ထိုင်းနိုင်ငံက အသက်(၁၈)နှစ်အရွယ် Aom အမည်ရ မိခင်တစ်ဦးဟာ သူမရဲ့ မွေးကင်းစကလေးကို ဓာတုဆေးတစ်မျိုးဖြစ်တဲ့ Drain Cleaner ဆေးရည်နဲ့ အဆိပ်ခပ်သတ်ပြီး၊ အိမ်နောက်ဖေးက အမှိုက်ပုံပေါ်ကို အမှိုက်ထုတ်တစ်ထုပ် လွှင့်ပစ်လိုက်သလို လွှင့်ပစ်ခဲ့ပါတယ်။


ကလေးကို အိမ်နီးနားချင်းတွေက ပလက်စတစ်အိတ်ထဲမှာ ထည့်လျှက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Nonthaburi မြို့ဖြစ်ပြီး ဇူလိုင် (၂၃)ရက်မှာ ဖြစ်ခဲ့တာပါ။ အိမ်နိးနားချင်းတွေက ရဲကို တိုင်ကြားခဲ့တာကြောင့်၊ CCTV တွေကို စစ်ဆေးရာမှာ အမည်းရောင်အထုတ်တစ်ထုပ် ပစ်ချလိုက်တာကို တွေ့ရပါတယ်။




ပြစ်မှုမှတ်တမ်းမှာ Aom ပြစ်မှုကျူးလွန်ပုံကို ပြန်လည်သရုပ်ပြခဲ့ပါတယ်။ ကလေးမလေးဟာ အသက်ရှင်နေဆဲဖြစ်လို့ မြို့နယ်ဆေးရုံကို အမြန်ပို့ပေးခဲ့တာပါ။ ဒါပေမယ့် ကိုယ်တွင်းကလီစာတွေ ဆိုးရွားစွာ ပျက်စီးနေလို့၊ သိပ်မကြာမီမှာပဲ သေဆုံးသွားခဲ့ပါတယ်။