အမေလိုတစ်မျိုး၊အစ်မလိုတစ်သွယ် ချစ်ရတဲ့ခေးဆက်သွင်ဆီကနေ စိန် လက်စွပ်ကို လက်ဆောင်ရလိုက်လို့ ပျော်ရွှင်သွားရတဲ့ စိုပြေမြင့်


အမေလိုတစ်မျိုး၊အစ်မလိုတစ်သွယ် ချစ်ရတဲ့ခေးဆက်သွင်ဆီကနေ စိန် လက်စွပ်ကို လက်ဆောင်ရလိုက်လို့ ပျော်ရွှင်သွားရတဲ့ စိုပြေမြင့်

ပရိသတ်ကြီးရေ Mrtv4ရဲ့ မင်းသားချောလေးတစ်လက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ ဇာတ်လမ်း တွဲ တွေအများအပြားမှာပါဝင်သရုပ်ဆောင်ထားပြီး အနုပညာလောကထဲကို ဝင်ရောက် လာခဲ့ တာ ဖြစ်ပါတယ်။စိုပြေမြင့်က တက်သစ်စမင်းသားလေးဖြစ်ပေမယ့် အနုပညာပါရမီပါတာကြောင့် ကျ ရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်တတ်ပါတယ်နော်။စိုပြေမြင့်က လက်ရှိမှာဆိုရင် အနု ပညာလောကရဲ့တောက်ပတဲ့ကြယ်ပွင့်လေးဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ် ကိုင် လျက်ရှိပါတယ်။




စိုပြေမြင့်က မင်းသမီးချောခေးဆက်သွင်နဲ့လည်း မောင်နှမအရင်းတွေလိုခင်မင်ရင်းနှီးပြီး အနု ပညာအလုပ်တွေကိုလည်း အတူတူတွဲလုပ်နေတာဖြစ်ပါတယ်။ခေးဆက်သွင်ကလည်း Mrtv4 ကထုတ်လွှင့်တဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်တာဖြစ်လို့ သူမတို့နှစ်ယောက်က အရမ်းရင်းနှီး ကြပါတယ်။စိုပြေမြင့်နဲ့ခေးဆက်သွင်တို့သူငယ်ချင်းတွေက ခရီးတွေဆိုလည်းအတူတူသွား လာ ကြပြီး လူငယ်တွေပီပီ ပျော်ပျော်ပါးပါးနေတတ်ကြပါတယ်နော်။ 





အခုဆိုရင်တော့ ခေးဆက်သွင်က စိုပြေမြင့်အတွက် စိန်လက်စွပ်တစ်ကွင်းကို ရက်ရက်ရောရော လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။စိုပြေမြင့်ကလည်း”မွေးနေ့ပြီးသွားသော်လည်း အမေလို တစ်မျိုး အစ်မလိုတစ်မျိုး ချစ်ရပါသောမေမေခေးပေးတဲ့ မွေးနေ့လက်ဆောင်လေး အရမ်းကြိုက် ပြီး အမြဲဝတ်ထားပါ့မယ် အနုပညာလုပ်ငန်းတွေလည်း ဒီထက်မကအောင်မြင်ပြီး အကယ်ဒမီဆု ကြီး ကိုလည်းပိုင်ဆိုင်နိုင်ပါစေ ဝမ်းမနာသားသမီးတွေနဲ့ အမြဲပျော်ရွှင်နိုင်ပါစေ”ဆိုပြီး ပြန်လည် ဆု တောင်းပေးထားတာဖြစ်ပါတယ်နော်။ 




Source&Photo Credit:Soe Pyay Myint’s FB acc