(၄၂)နှစ်ပိုငယ်တဲ့ ဇနီးကို စိတ်မချလို့ သတ်ပစ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ (၆၆)နှစ်အဖိုး

2019-08-06 17:18:04


(၄၂)နှစ်ပိုငယ်တဲ့ ဇနီးကို စိတ်မချလို့ သတ်ပစ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ (၆၆)နှစ်အဖိုး

အသက်(၆၆)နှစ်အရွယ် အမျိုးသားဟာ သူ့ထက် (၄၂)နှစ်ပိုငယ်တဲ့ အသက်(၂၄)နှစ်အရွယ်ဇနီးကို တစ်ခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ စိတ်ထဲမှာ သံသယဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူမကို လည်ပင်းညှစ်သတ်ကာ ရေခဲသေတ္တာထဲကို ထည့်လိုက်ပါတယ်။


အဲဒီနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပါ။ အဖိုးရဲ့နာမည်ကတော့ Edward Rogers Jr ဖြစ်ပြီး သူရဲ့အိမ်ဟာ အမေရိကန် တက္ကဆက်ပြည်နယ်၊ Livermore Drive မှာတည်ရှိပါတယ်။ ဇနီးကတော့ ဖိလစ်ပိုင်နိုင်ငံသူ Alyssa Marie Mejia Rogers လို့ အမည်ရပါတယ်။


သူငယ်ချင်းတစ်ဦးက Edward ဟာ ဇနီးသည်ကို သတ်လိုက်ပြီးဆိုတာ သံသယဖြစ်ခဲ့တာကြောင့် ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ Edward လည်း သေဆုံးနေပါပြီ။ ဇနီးရဲ့အလောင်းကိုတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားပါသတဲ့။




ဒီလူသတ်/သေကြောင်းကြံစည်မှုဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၅)ရက် တနင်္လာနေ့မှာ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဇနီးကိုတော့ ဒီမတိုင်ခင်က သတ်ထားခဲ့တာဖြစ်ပါတယ်။ သူဟာ Alyssa ရဲ့အလောင်းကို သူငယ်ချင်းတစ်ယောက်ကို ပြခဲ့ပါသေးတယ်။ ဒီလုပ်ရပ်ကြောင့် သူငယ်ချင်းက မယုံနိုင်ဖြစ်သွားပါတယ်။




သူကပဲ ဖုန်းဆက်ပြီး ရဲကိုတိုင်ခဲ့တာပါ။ Edward ဟာ ဇနီးရဲ့အလောင်းကို သိမ်းထားတာ ရက်အတော်လေး ကြာနေခဲ့ပါပြီ။ ယင်းနောက် သူငယ်ချင်း ပြန်သွားလို့ မကြာမီမှာ မိမိကိုယ်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာပါ။ သူတို့နှစ်ယောက်ဟာ လက်ထပ်ထားတာ သိပ်မကြာသေးပါဘူး။




နောက်တော့ ဇနီးဖြစ်တဲ့ Alyssa ဟာ သူနဲ့ရစ်ဖြစ်ပြီး၊ တစ်ခြားအမျိုးသားတစ်ယောက်ဆီကို သွားအိပ်တယ်လို့ Edward က ထင်မြင်ခဲ့ပါတယ်။ ဇနီးကို အိမ်ဆီ မရမက လှည့်စားခေါ်ဝေါ်ခဲ့ပြီး ချစ်တင်းနှောဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Alyssa က လက်မခံတာကြောင့် တွန်းလိုက်ချိန်မှာ ခုတင်စောင်းနဲ့ စောင့်မိခဲ့ပါတယ်။ အဲဒီနောက် သတိမလစ်တလစ်ဖြစ်နေချိန်မှာ Edward က လည်ပင်းညှစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ရဲက စုံစမ်းနေဆဲပါ။


လင်းဇော်ကို (D Nae Thit)


source : NextShark