ကော့သောင်းတွင် နေအိမ်အတွင်း နုကြမ်းစီး ရွှေထည်ပစ္စည်းများ ယူသွားသူ ဖမ်းဆီးရမိ

2019-08-06 17:40:17


ကော့သောင်းတွင် နေအိမ်အတွင်း နုကြမ်းစီး ရွှေထည်ပစ္စည်းများ ယူသွားသူ ဖမ်းဆီးရမိ

ကော့သောင်းတွင် နေအိမ်အတွင်း နုကြမ်းစီး ရွှေထည်ပစ္စည်းများ ယူသွားသူ ဖမ်းဆီးရမိ


ကော့သောင်း၊ သြဂုတ် (၆)




ကော့သောင်းမြို့နယ် (၁၀) မိုင်ကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့ ည သန်းခေါင်ကျော် အချိန်က နေအိမ် အတွင်း အနုကြမ်းစီး ရွှေထည် ပစ္စည်းများကို လု့ယူသွားသူကို သြဂုတ်လ ၆ ရက်နေ့မှာ ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရ သည်။




ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာ ဗိုလ်ချုပ်လမ်းနေ ဦးအောင်စိုး အသက် (၆၆) နှစ် (အဘ) ဦးတင်ညွန့်၏ နေအိမ်၌ သြဂုတ်လ ၄ ရက်နေ့က အိပ်ပျော်နေစဉ် အမည်မသိ အမျိုးသား တစ်ဦးက နေအိမ် တံခါးမကြီးကို သော့တူဖြင့် ဖွင့်၍ အိမ်ပေါ်ထပ်သ တက်ကာ ဓားဖြင့် ထောက်၍ လည်ပင်းနှင့် လက်တို့အား ဘောင်းဘီ သားရေကြိုးဖြင့် ချီနောင်ကာ မီးခံ သေတ္တာထဲမှ ရွှေထည်ပစ္စည်းများ လုယူ အနုကြမ်းစီးခံရခြင်း ဖြစ်သည်။




လက်ရှိမှာ အဆိုပါ တရားခံအား သြဂုတ်လ ၆ ရက်နေ့မှာ ကော့သောင်းမြို့ ရဲတပ်ဖွဲ့ဝင်များမှ အပူတပြင်း ရှာဖွေ ဖမ်းဆီး စစ်ဆေး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရ သည်။



#myeikonlinetv