ငိုချင်နေပေမယ့် မိခင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ကျောင်းသူလေး

2019-08-06 18:11:49


ငိုချင်နေပေမယ့် မိခင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ကျောင်းသူလေး

တခါတလမှော သေခြင်းတရားဆိုတာ ဆန်းကျယ်လွန်းပါတယ်။ မထင်မှတ်ထားတဲ့ အချိန်တွေမှာ ချစ်ခင်ရသူတွေဟာ ရုတ်တရက် နှုတ်ဆက်ခွဲခွာ သွားကြသလို သိသိကြီးနဲ့ လက်လွှတ်လိုက်ရတာမျိုးတွေလည်း ရှိကြပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ ရုတ်တရက်နှုတ်ဆက်သွားတယ်လို့ပဲ ဆိုရမှာပါ။


မိသားစု ဂုဏ်ထူးဆောင်ဘွဲ့ယူပေးဖို့ ပြင်ပေးနေတဲ့ ကျောင်းသူလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ တစ်လလောက်က အမေနဲ့အတူ စစနောက်နောက်ရှိနေခဲ့ပါတယ်။ အမေဖြစ်သူက သမီးကို ဒီဘွဲ့ကို ယူလာပေးဖို့ ပြောနေခဲ့ပြီး၊ သမီးကလည်း အမေ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ မျက်နှာသာမပေးခြင်းနဲ့အတူ သူမတက်နေချိန်မှာ အမေကလည်း ဆုံးသွားခဲ့ပါတယ်။




‘ မိသားစုဂုဏ်ဆောင်ဘွဲ့ကို (၃၃)ရက်စောပြီး ယူလာခဲ့ပြီ၊ အဲဒီမတိုင်ခင်တုန်းက အမေပြောတယ်လေ၊ သမီးအဲဒီဘွဲ့ကို ယူတဲ့အခမ်းအနားကျရင် သမီးတို့အားလုံးကြည့်ကောင်းဖို့ အပြာရောင်ပဲဝတ်ရမယ်ဆို၊ ဒီနေ့ အဖေရောအကိုရော အပြာရောင်ကိုယ်စီနဲ့ ဒါပေမဲ့ ကိုကိုက အဖေ့ဆီက အင်္ကျီငှားထာတာနော်၊ ဟားဟား၊ သမီးလည်းအပြာရောင်ပဲ ရွေးထားတယ် ဘာလို့လဲဆိုတော့ ‘


ကောင်မလေးတင်ထားခဲ့သည့်စာ

‘ သမီးထက်စာရင် အမေ၀တ်တုန်းက ပိုကြည့်ကောင်းတယ်ထင်ခဲ့လို့ ဒီဘွဲ့က တက္ကသိုလ်ကပေးတာမဟုတ်ဘူးဆိုပေမဲ့လည်း အခုတော့ အဲဒီလိုလုပ်ရမှာပဲ၊ စည်းကမ်းချက်တွေရှိသေးပေမဲ့လည်း မေမေရေ မေမေ့သမီးလေးက (၃၃)ရက်စောပြီး ဘွဲ့ယူလာခဲ့ပြီလေ၊ ‘ ဆိုပြီး သွားလေသူအမေရဲ့ နောက်ဆုံးဆန္ဒတွေပြည့်ဝဖို့ အပြာရောင် အင်္ကျီကို တစ်မိသားစုလုံးဝတ်ကာ ဘွဲ့ကို (၃၃)ရက်စောယူခဲ့ပါတယ်။




ဒီအဖြစ်အပျက်လေးက အားလုံးအတွက် ကရုဏာသက်စရာဖြစ်ခဲ့သလို ခွင့်ပြုပေးခဲ့တဲ့ ကျောင်းကိုလည်း ကျေးဇူးတွေတင်ခဲ့ကြပါတယ်။ အမေဖြစ်သူဟာ သမီးကို မိသားစုဂုဏ်ဆောင်ဘွဲ့ယူစေချင်ခဲ့ပြီး၊ ယူတဲ့နေ့မှာ အားလုံးကို အင်္ကျီအပြာရောင်လေးနဲ့ မြင်ချင်ခဲ့တာပါ။ အခုတော့ ကျောင်းသူလေးဟာ ငိုချင်နေပေမဲ့ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။


သူရေး (D Nae Thit)